ရခိုင်ပြည်နယ်အတွင်းရှိ သိမ်းပိုက်ရှိကျန်ရှိနေသော မြို့များ၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီ တိုင်းအစပ်မြို့နယ်များတွင် နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည်နယ်အတွင်းရှိ သိမ်းပိုက်ရှိကျန်ရှိနေသော မြို့များ၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီ တိုင်းအစပ်မြို့နယ်များတွင် နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၁၁

ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ရန် ကျန်ရှိနေသော မြို့များ၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီ တိုင်း အစပ်မြို့များတွင် နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

၂၀၂၅ ခုနှစ်၊ မတ်လဆန်းမှစတင်၍ အာရက္ခဒေသအတွင်း၌ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး များပြုလုပ်ကာ (အထူးသဖြင့်) ကျောက်ဖြူတွင် ထိုးစစ်များကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးများကိုသာ ရင်ဆိုင်ခဲ့ရကြောင်း အသိပေးထားသည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်သည် လွန်ခဲ့သော နှစ်နှစ်တာကာလနီးပါး အတောအတွင်း ၎င်း တို့ ဆုံးရှုံးခဲ့ရသည့် တပ်ရင်း၊ တပ်မဌာနချုပ်၊ တိုင်းဌာနချုပ်များအပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အချက် အချာကျသော နေရာအချို့၊ မြို့၊ ရပ်ရွာများအား ပြန်လည်သိမ်းပိုက်ရယူရန်အတွက် မြန်မာ နိုင်ငံအနှံ ထိုးစစ်ကြီးများကို ပြုလုပ်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သည်ဟုဆိုသည်။

အာရက္ခတပ်တော်အနေဖြင့်လည်း အာရက္ခဒေသအတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များ ကို ဆက်လက်သိမ်းပိုက်ရယူရန် ကြိုးစားနေခြင်းနှင့်အတူ အာရက္ခဒေသနှင့် နယ်မြေချင်းထိစပ် လျက်ရှိသော မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နှင့် ဧရာဝတီတိုင်း အ စပ် (လေးမျက်နှာမြိုနယ်အတွင်း) တို၌လည်း ရန်သူ၏ ထိုးစစ်တိုင်းကို ကြံ့ကြံ့ခံ၍ တန်ပြန်ထိုးစစ် ဆင်လျက်ရှိသောကြောင့် အဆိုပါနေရာများ၌ တိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိကြောင်း အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော် နှင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တို့သည် နှစ်ဖက်စလုံး အတွက် စစ်ရေးအချက်အချာကျသော နေရာ (၅) ခု၌ အပြန်အလှန်ထိုးစစ်များနှင့်အတူ နေ့စဉ်ရက် ဆက် တိုက်ခိုက်နေခဲ့ကြသည်မှာ ရက်သတ္တပတ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ပြိုင် နက်တည်းတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ အာရက္ခတပ်တော် ထိန်းချုပ်ထားရာနေရာ များထဲမှ အချို့သော နေရာများအား ထိုးစစ်ဆင်တိုက်ခိုက်မှုမျိုး ဆက်လက်ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၁ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ဈေးအနီးတွင် ဆက်ကြေးကောက်နေသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Special Task Force – Ngazun တပ်ဖွဲ့ထံမှ သိရ သည်။ အောက်တိုဘာလ ၈ ရက် ညနေ ၄...