ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၁၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။

ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်က ကျောက်တော်မြို့နယ်၊ သရက် တပင်ကျေးရွာအတွင်းရှိ ပညာပန်းခင်း  ကိုယ်ပိုင်အထက်တန်းကျောင်းကို ပစ်မှတ်ထား၍ အကြမ်း ဖက်စစ်ကောင်စီ (စစ်ကော်မရှင်)က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းရှေ့တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း တက်နေသူ ကျောင်းသား၊ ကျောင်းသူများနှင့် အနီးအနားရှိ ကလေးငယ်တချို့အပါအဝင် စုစုပေါင်း ၁၈ ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးပြီး ၂၀ ဦးကျော် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများအတွင်းရှိ အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများ အနေဖြင့် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်း များ ခိုင်ခိုင်မာမာ တူးထားကြရန်‌ တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...