ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်ရှိ သပြုတောင်နှင့် ကြတ္တိန် တောင်တို့ဘက်သို့ ချီတက်လာသော အင်အား ၁၀၀ ခန့်ပါအကြမ်းဖက်စစ်ကြောင်း ၂ ကြောင်းကို အာ ရက္ခတပ်တော် – AA က ဂုံးချွန်းတိုက်နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြားအရောက် တိုက် ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ချေမှုန်းခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ၂ ခုပေါင်း စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ယင်းသေဆုံးသူစစ်သားများမှာ စစ်မှုထမ်းဥပဒေဖြင့် မတရားပေါ်တာဆွဲဖမ်းဆီးခံရသူ များဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားအများအပြား ကို ပို့ဆောင်ကာ စစ်ကြောင်းထိုးလှုပ်ရှားနေခြင်းဖြစ်ပြီး အာရက္ခတပ်တော် – AA နှင့်နေ့စဉ်တိုက်ပွဲဖြစ် ပွားလျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ စစ် ကားတစ်စီးကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံး

ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးထက်မနည်းသေဆုံး၊ စစ် ကားတစ်စီးကို မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုန်းကျေးရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦး ထက်မနည်းသေဆုံးကာ စစ်ကား ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒူရက စစ်ကြောင်းမှ ထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက် နံနက် ၅...