စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် မြို့တွင်း၌သာ ကျန်ရှိတော့ပြီး ကျန်နေရာများကို AA က ထိန်းချုပ်၊ မြို့တွင်းနေ ပြည်သူ ၉၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်

စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် မြို့တွင်း၌သာ ကျန်ရှိတော့ပြီး ကျန်နေရာများကို AA က ထိန်းချုပ်၊ မြို့တွင်းနေ ပြည်သူ ၉၀၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်က မြို့တွင်း၌သာကျန်ရှိတော့ ကျန်နေရာအများစုကို AA ကထိန်းချုပ်ထားကြောင်းနှင့် စစ် ကောင်စီတပ်ဖွဲ့က ပြည်သူ ၉၀၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ထားကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောကြားသည်။

ဩဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက အ ထက်ပါ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် -AA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့တို့သာ သိမ်းပိုက်ရန်ကျန် ရှိတော့ကြောင်း၊ သိမ်းပိုက်ရန်ကျန်ရှိနေသည့်မြို့နယ် ၃ ခုတွင်လည်း မြို့နယ်အတွင်းရှိနေရာအများစု ကို ထိန်းချုပ်ထားကာ စစ်ကောင်စီတပ်သားများမှာ မြို့ပေါ်၌ ကျန်ရှိတော့ကြောင်း သိရသည်။

“သိမ်းပိုက်ရန်ကျန်ရှိနေတဲ့ မြို့နယ် ၃ ခုမှာလည်း မြို့ထဲကလွဲ၍ ကျန်ဒေသအများစုမှာ ကျနော်တို့ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထ ထားတဲ့ မြို့ထဲက အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်အနိုင်ကျင့် သတ်ဖြတ်နေပါတယ်။ အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှပြောင်ပြောင် တင်းတင်းချိုးဖောက်ကျူးလွန်လျက်ရှိပါတယ်။” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၉၂၅ ဦး ၊ ထိခိုက် ဒဏ် ရာရရှိသူ ၁၉၅၄ ဦး၊ မတရား ဖမ်းဆီးခံရသူ ၉၄၇ ဦးရှိပြီး မြေပြင်တွင် ယခုရရှိထားသော အရေ အ တွက် ထက် ပိုနိုင်ကြောင်း အာရက္ခတပ်တော် -AA သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

“ရန်သူဘက်ကတော့ လေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူကို အဓိကထားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ သူက လေကြောင်းပစ်ကူယူပြီးတော့ လက်နက်ကိုင်အချင်းချင်း တိုက်တယ်ဆိုတာ ထက်ကျနော်တို့ အာရက္ခပြည်သူတွေကို ဦးတည်ပြီးတော့ ဗုံးကျဲတာ၊ လက်နက်ကြီးနဲ့တစ်ချိန်လုံး လှမ်းပစ်တာတွေကို တောက်လျှောက်လုပ်နေပါတယ်။လက်နက်ကိုင်အချင်းချင်းတိုက်တာမဟုတ်ပဲနဲ့ ပြည်သူတွေကို ဦးတည်တိုက်နေတာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါ တယ်။ တဖက်ကပြောရရင် လူ့အဖွဲ့အစည်းအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ လေကြောင်း၊ လက်နက်ကြီးနဲ့ ဘာဖြစ်လို့ ဦးတည် တိုက်သလဲဆိုရင် သူတို့က ပြည်သူတွေကို အ ကြောက်တရားရိုက်သွင်းဖို့အတွက် တိုက်နေတာပါ၊ အကြောက်တရားကို အသုံးချပြီးတော့ နိုင်ငံရေး ရလဒ်ကို ဖော်ဆောင်ချင်တဲ့ ၊ အကြမ်းဖက် ဝါဒ လက်ကိုင်ထားတဲ့စစ်ကောင်စီက လုပ်နေတာလို့ မြင်ပါတယ်။” ဟု AA ပြောခွင့်ရ ခိုင်သုခက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုနှင့် သဘာဝဘေးကြောင့် လူနေအိမ် လူနေအိမ် ၁၀၅၀၂ လုံး၊ ဘာသာရေးအဆောက် အအုံ ပေါင်း ၉၀ ၊ စာသင် ကျောင်း ၄၅ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၂ ခု၊ တံတား ၂၂ ခု၊ UN ၊ INGO ၊ NGO အဆောက်အအုံ ၃ ခု အပြင် တခြားအဆောက်အအုံ စုစုပေါင်း ၁၁၀၀၀‌ ကျော် ပျက်စီးခဲ့ ကြောင်း သိရသည်။

“အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ၊ သဘာဝဘေးဒဏ်တွေကြောင့် ပလက်ဝဒေသအပါအဝင် အာရက္ခဒေသက ပျက်စီးခဲ့ရတဲ့ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်း၊ တံတားတွေကို အာရက္ခတော်လှန်ရေး ပြည်သူ့အစိုးရက ကိုယ်တို့မှာရှိတဲ့ အရင်းအနီးကို အသုံးပြု ပြီးတော့ တတ်နိုင်သမျှ ပြုပြင်တည်ဆောက်ပေးလျက်ရှိနေပါတယ်။” ဟု အာရက္ခတပ်တော် -AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကိုယ်ကျိုးစီးပွားကိုကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုကြောင့် နွေဦးတော်လှန်ရေး ကြန့်ကြာ နေရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ပြော

ကိုယ်ကျိုးစီးပွားကိုကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှုကြောင့် နွေဦးတော်လှန်ရေး ကြန့်ကြာ နေရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ပြော

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၂ ကိုယ်ကျိုးစီးပွားကို ကြည့်သည့် တရုတ်ဩဇာလွှမ်းမိုးမှုကြောင့် နွေဦးတော်လှန်ရေးကြန့်ကြာနေရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် လူမှုကွန်မှတဆင့် ၎င်းက ပြောဆိုထားခြင်းဖြစ်သည်။ လက်ရှိတော်လှန်ရေး ရင်ဆိုင်နေရသည့် အကြီးမားဆုံးအခက်အခဲမှာ လူစိတ်မဲ့စွာ သတ်ဖြတ်၊ ရက် စက်ဝံ့သည့်...