ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်တိုက်ပွဲတွင် ဗိုလ်မှူးချုပ်ကျော်မျိုးအောင်အပါအဝင် ၅ ဦး စနိုက်ပါ ထိမှန် သေဆုံး ၊ တိုက်ပွဲအတွင်း ဗျူဟာမှူးတစ်ဦးအပါအဝင် စစ်သားအလောင်း ၃၀ ကျော်ကို လက် နက်ခဲယမ်းအချို့နှင့်အတူ အာရက္ခတပ်တော်က သိမ်းဆည်း ၊ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် အ ပါအဝင် စစ်သုံ့ပန်း အမျာအပြားကိုလည်း ထပ်မံဖမ်းဆီးရရှိ
သံလွင်မြန်မာသတင်း
မေလ ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီး နှမ်းဖဲတောင် စခန်းတိုက်ပွဲတွင် ဗိုလ် မှူးချုပ်ကျော်မျိုးအောင်အပါအဝင် စစ်သား ၅ ဦး စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်းနှင့် တိုက်ပွဲ အ တွင်း ဗျူဟာမှူးတစ်ဦးအပါအဝင် စစ်ကောင်စီအလောင်း ၃၀ ကျော်ကို လက်နက်ခဲယမ်း အချို့နှင့် အတူ အာရက္ခတပ်တော်က သိမ်းဆည်း ဒေသသတင်းရင်း မြစ်များထံက သိရသည်။
မေလ ၂၆ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီး နှမ်းဖဲ တောင် စခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်၊အပါအဝင် အရာရှိ ၂ ဦး၊ အခြားအဆင့် စစ်သား ၃ ဦး စုစုပေါင်း ၅ ဦးမှာ အာရက္ခ တပ်တော် -AA တပ်ဖွဲ့၏ စနိုက်ပါ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စနိုက်ပါ ထိမှန်ခဲ့သည့် သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ် ကျော်မျိုးအောင်ကို ရန်ကုန်သို့ သယ်ဆောင် သွားပြီး မိသားစုမှ နာရေးဖိတ်စာတွင် မေလ ၂၇ ရက်နေ့၌ ကွယ်လွန်သည်ဟုဖော်ပြခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်းကို အင်းတိုင်ရှိ အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်တွင် နာရေး စီစဉ်ခြင်း၊ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် ဂုဏ်ပြု အခမ်းအနားဖြင့် သဂြိုလ်ခြင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စနိုက်ပါ ထိမှန်သေဆုံးသွားသော ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ် ကျော်မျိုးအောင်သည် အလုပ်သင်ဗိုလ် အပတ်စဉ် ၂၈ သင်တန်းဆင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၄၅ နှစ်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အလားတူ မေလ ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်က ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ကျေးရွာ မြောက် ဘက် မီတာ ၆၀၀ ခန့်အကွာရှိ စက်မှု၊ လက်မှုသင်တန်းကျောင်း၌ တပ်စွဲထားသော စစ် ကောင်စီတပ်ဖွဲ့ကို အာရက္ခတပ်တော် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီး ကျော်လင်း ကြိုင် အပါအဝင် စစ်သုံ့ ပန်းအများအပြားကို ဖမ်းဆီးရရှိခဲ့ကြောင်း နိရဉ္စရာ သတင်းဌာနက ရေး သားထားသည်။
ကျောက်ဖြူမြို့နယ်တွင် နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက် ခိုက်နေမှုကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media