အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းလူငယ်အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ပြည်မနှင့် နိုင်ငံခြားသို့ ထွက်ခွာခြင်းမပြုရန် AA ထုတ်ပြန်
သံလွင်မြန်မာသတင်း
မေလ ၂၃
ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၈ မှ ၄၅ နှစ်အတွင်းရှိ လူငယ်အမျိုးသား၊ အမျိုးသမီးများအနေဖြင့် ပြည်မနှင့် နိုင်ငံခြားသို့ ထွက်ခွာခြင်းမပြုကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်- ULA/AA က မေလ ၂၂ ရက် နေ့စွဲဖြင့် ထုတ်ပြန် သည်။
မေလ ၁၈ ရက်နေ့က တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သော အာရက္ခဒေသအတွင်းမှ နေရပ် စွန့်ခွာရန် အားထုတ်ကြိုးပမ်းနေကြ ဒေသနေပြည်သူများ သိရှိလိုက်နာရန်အတွက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက် (National Defense Emergency Provision – NDEP) ကို စတင်ပြဌာန်းလိုက်ခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။
အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ လုံခြုံရေး ၊ တည် တံ့ရေးကို အထူးအလေးထားပြီး ဆောင်ရွက်နေချိန်ဖြစ်ကြောင်း၊ ထို့အပြင် မပြီးပြတ်သေးသော မြို့ သိမ်းတိုက်ပွဲများကို အကန့်အသတ်နှင့် ဆင်နွှဲယင်း “အာရက္ခဒေသတခုလုံး အာရက္ခပြည်သူ လက်ထဲ သို့ ရောက်ရှိရေး” ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ဆက်လက် ပြော ဆိုထားသည်။
တခြားတဖက်တွင် လူငယ်လူရွယ်အနည်းစုသည် ယခုပြဋ္ဌာန်းလိုက်သော အမျိုးသားကာကွယ်ရေး ဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်မှုကို ရှောင်လွဲရန် ကြိုးစားအားထုတ်လာသည်များကို ကြားသိနေရ ကြောင်း၊ ထို့ကြောင့် ယခုအချိန်ကာလများအတွင်း ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အာရက္ခ ဒေသ၏ ပြင်ပသို့ ထွက်ခွာရန် ကြိုးစား အားထုတ်နေကြသောသူများကို တားမြစ်လိုက်ခြင်းဖြစ်သည် ဟု ဆိုသည်။
အမျိုးသားကာကွယ်ရီးဆိုင်ရာ အရီးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှု မထမ်းလို၍ အာရက္ခဒေသ၏ ပြင်ပသို့ ထွက်ပြီးရန် ကြိုးစားကြသူများကို သွားလာခွင့်မပြုဘဲ တည် ငြိမ်သော စစ်ရေး အခြေအနေတခုသို့ ရောက်ရှိလာသည်အထိတားမြစ်လိုက်ကြောင်း၊ အာရက္ခပြည် သူ့ကျန်းမာရေးဌာနမှ ကုသမှုမပေးနိုင်သည့် ပြင်းထန်ရောဂါရှိသော လူနာများ၊ အသက်အန္တရာယ် စိုး ရိမ်ရသည့်လူနာများမှလွဲ၍ နေရပ်စွန့်ခွာသွားမှုကို တားမြစ်လိုက်ကြောင်း သိရသည်။
ထိုသို့ တားမြစ်ခံရသူများမှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းနှင့် အမျိုးသမီး ဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၅ အတွင်း ဖြစ်ကြောင်း၊ အဆိုပါ အသက်ကန့်သတ်ချက်အတွင်း အကျုံး ဝင်သောသူများကို သွားလာခွင့်မပြုဘဲ လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အရေးပေါ် ကာလ ပြီးဆုံးချိန်အထိ တားမြစ်လိုက်ကြောင်း သိရသည်။
အာရက္ခဒေသအတွင်းမှ နေရပ်စွန့်ခွာပြီး သွားလာကြသောသူများကို ကုန်းလမ်း၊ ရေလမ်းများမှ အခ ကြေး ငွေယူ၍ သယ်ယူပို့ဆောင်ပေးနေသူများကို တားမြစ်လိုက်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။
အခြေခံစားသောက်ကုန် ရောင်း/ဝယ် ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအချ အငှားလိုက်သူများ ကုန်သည်များအနေနှင့် သွားလာကြသည့်အချိန်များတွင် လူပိုများကိုခေါ်ဆောင်ခြင်း၊ အခကြေးငွ ယူ၍ လူကယ်ရီ ပို့ဆောင်ခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ချက်တွင် ဖော်ပြထားသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ ထိန်းချုပ်ရာ နေရာများတွင် ရက္ခိုင်လူမျိုးမှတ်ပုံတင် ကိုင် ဆောင်ထားသူများ၊ ခရီးသွားလာကြသော ရက္ခိုင်လူမျိုးများကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးပြီး ငွေညှစ် နေမှု၊ ပြန်ပေး ဆွဲထားသကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားမှု၊ ပုဒ်မအမျိုးမျိုးတပ်ပြီး မတရား သဖြင့် ထောင် ချနေမှု၊ လူသတ်အလောင်း ဖျောက်နေမှုများ အန္တရာယ်မှ ကင်းလွတ်စေရန် အတွက်လည်း ဤကဲ့သို့ တားမြစ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
အာရက္ခဒေသ၏ မြို့သိမ်းတိုက်ပွဲများအတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်းများ မနင်းမိစီရန်အတွက်လည်းကောင်း၊ စစ်ကောင်စီထိန်းချုပ်ထားသော မြို့များသို့ ရောက်ရှိပါက စစ်မှုထမ်းရန် စုဆောင်းရေး မခံရစေရန်လည်းကောင်း၊ လူမှောင်ခိုဂိုဏ်းများ၊ ကျားဖြန့် ဂိုဏ်းများ၏ လက်ထဲသို့ မရောက်ရှိစေရန်လည်းကောင်း၊ ရက္ခိုင်ရိုးမနယ်စပ်တလျှောက် တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုက်ပွဲများအတွင်း ကြားညပ်မသွားစေရန်လည်းကောင်း အစရှိ သည့် လူ၊ မိုင်း အန္တရာယ်များမှ ကင်းလွတ်စီရန် ရည်ရွယ်ကြောင်း ဆက်လက်ပြောဆိုထားသည်။
အဆိုပါ တားမြစ်ချက် အရေးပေါ်ကာလကို ပြန်လည်ရုပ်သိမ်းမည့်အချိန်အား ထပ်မံအသိပေးသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
Thanlwin Myanmar Media