AA News

AA News

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အာ ရက္ခ တပ်တော် – AA နှင့် ညီနောင်မဟာမိတ် ၂ ဖွဲ့တို့က တစ်လကြာ တိုက်ပွဲရပ်နားမည်

 

သံလွင်မြန်မာသတင်း

ဧပြီလ ၁

 

ငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာဆောင်ရွက်နိုင်ရန် အ တွက် အာရက္ခတပ်တော် – AA အပါအဝင် ညီနောင်မဟာမိတ် ၂ ဖွဲ့တို့က တိုက်ပွဲဖြစ်ပွားလျက်ရှိ သောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ် ကြောင်း ယနေ့ ဧပြီလ ၁ ရက်နေ့တွင် ကြေညာလိုက်သည်။

 

မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်မှ လှုပ်ခတ်ခဲ့သော ငလျင်ကြီးနှင့် နောက်ဆက်တွဲ ဆက် တိုက်လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ အများအပြား၌ ပြည်သူလူထုများ စွာ တို့၏ အသက်အိုးအိမ် စည်းစိမ်၊ အိမ်မွေးတိရစ္ဆာန်၊ လူနေအိမ်၊ တိုက်တာ အဆောက်အအုံများ၊ စာ သင်ကျောင်းများ၊ ဆေးရုံ၊ ကျေးလက်ဆေးပေးခန်းများ၊ ဘုရားကျောင်းကန် စေတီပုထိုးများ၊ ဗလီများ အပါအဝင် သာသနိကအဆောက်အအုံများ၊ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ် မြောက်မြားစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် ငလျင်နောက်ဆက်တွဲအခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြို့များတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရှာဖွေ ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြသော ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး စေတနာ့ ဝန်ထမ်းများ စိတ်လက် ကြည်သာစွာ လုပ်ကိုင်နိုင်ကြစေရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အထူးလိုလားပါကြောင်း အသိပေး ထားသည်။

 

ထို့ကြောင့် ဤထုတ်ပြန်ချက်အား ထုတ်ပြန်လိုက်သည့်အချိန်မှစတင်ပြီး ညီနောင်မဟာမိတ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုံ့ပြန်မှု မျိုးမှ လွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိတစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင်ကြက်ခြေနီအသင်း ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ်ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီပစ္စည်းများအလွဲသုံးစားမှု၊ အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ် မှူးပြုတ် ညီညီကို စစ်ကောင်စီတပ်က WFP မှ ပေးအပ်သည့်အကူအညီများ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစားမှုမျးဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution...