AA News

AA News

ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်၊ စစ်တွေမြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက် နေ၊ ရခိုင်ပြည်နယ်တွင် ထပ်မံသိမ်းပိုက်ရန် ၃ မြို့နယ်သာကျန်ရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၉

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်လိုက်ပြီး စစ်တွေမြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ၃ မြို့နယ်သာကျန်ရှိတော့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယနေ့( ဒီဇင်ဘာလ ၂၉ ရက်) မွန်းတည့်ပိုင်းတွင် ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် ချေမှုန်းတိုက်ခိုက်ရှင်းလင်းပြီဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင် စီ တပ်ဖွဲ့ဝင်များကို လိုက်လံ ချေမှုန်းလျက်ရှိကြောင်း၊ စစ်ကောင်စီက ဂွမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက် ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ ဂွမြိုမှာရှိတဲ့အကြမ်းဖက် ဖက်ဆစ် စစ် ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက် ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ ဂွမြို့ ကနေ ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ် ကောင်စီတပ်ဖွဲတွေကို ကျနော်တိုအာရက္ခတပ်တော်ကလိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကူအင်အားတွေထပ်ဖြည့်ပြီး ဂွမြို့ အနီးတဝိုက်ကို ပြန်လည်ဝင် ရောက်ဖို့ ကြိုးစားနေတာတွေရှိတဲ့အတွက် တချို့ နေရာတွေမှာတိုက်ပွဲတွေဆက်လက်ပြန်းထန် နေ တာရှိပါတယ်။” အာရက္ခတပ်တော် -AA ပြောခွင့်ရခိုင်သုခက အတည်ပြု ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောာင်စီတပ်က လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေဆဲဖြစ်ပြီး ဧရာဝတီ တိုင်း ၊ ကမ်းသာယာကမ်းခြေအနီးရေပြင်ထက်မှ ရေတပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

 

ယခုအခါ AA အာရက္ခတပ်တော် – AA အနေဖြင့် စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ အချို့စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိထားကြောင်း၊  ရခိုင်ပြည်တွင် မြို့ ၁၄ ခု ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ မာန်အောင်နှင့်ကျောက်ဖြူ မြို့ ၃ ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...