AA News

AA News

မောင်တော၊ နခခ (၅) ကနေ ထွက်ပြေးသွားတဲ့ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးနှင့် ရွှေထည်၊ ငွေသားသိန်းကျပ် သိန်း(၈၀၀) ခန့်နှင့်အတူ အသေဖမ်းမိ၊ သေဆုံးရ ခြင်းမှာ အာရက္ခတပ်တော်၏ ပစ်ခတ်တိုက်ခိုက်ရခြင်းမဟုတ်ပဲ ၎င်းတို့ကိုယ်တိုင်ထောင် ထားသော မိုင်းနင်းမိကာ သွေးထွက်လွန်ပြီးသေဆုံးခြင်းဖြစ်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာ ၁၉

 

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ နခခ (၅) ကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အခေါက်ရွှေတုံးနှင့် ရွှေထည်၊ ငွေသားသိန်းကျပ် သိန်း(၈၀၀) ခန့်နှင့်အတူ အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော် ( AA)က ဒီဇင်ဘာလ (၁၈) ရက် နေ့မှာ  သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ဒီဇင်ဘာလ ၈ ရက်န မနက် ၉ နာရီခွဲ အချိန်က မောင်တောမြို့မှာ တစ်ခုတည်းကျန်ရှိနေခဲ့တဲ့ နခခ ၅ စခန်းကြီးကို အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဲဒီစခန်းထဲ ကနေ လက်နက်ချအညံ့မခံပဲ ကစဉ့်ကလျားထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို အာရက္ခ တပ်တော်မှ လိုက်လံရှင်းလင်းခဲ့ရာ ဘူးသီးတောင်မြို့ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့ကို ဒီဇင်ဘာလ ၈ ရက်နေ့ မောင်တော၊ ရွှေ တောင်ကျေးရွာ အနောက်ဘက်တွင် အရှင် လက်ရဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကနေ လက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်သွားတဲ့ အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင် နေမျိုးကိုလည်း အခေါက်ရွှေတုံးအချို၊ ရွှေထည်အချိုအပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်း ချောင်းနား ပုစွန်ကန် တဲထဲမှာ အသေဖမ်းဆီးရရှိခဲ့တယ်လို့ အာရက္ခတပ်တော် -AA က ထုတ်ပြန် ထားတာပါ။

 

သေဆုံးတပ်မမှူးအောင်နေမျိုးဟာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နဲ့ ခေတ်အဆက်ဆက် ပူး ပေါင်းလာခဲ့ကြတဲ့ ဒေသခံမူဆလင်တွေရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေး လွတ် မြောက်ရန် ကြိုးစားခဲ့တာဖြစ်ပြီး အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့် တပ်တွေက အချိန်ပြည့် ဝိုင်းရံပိတ်ဆို ရှာဖွေတာကြောင့် လွတ်မြောက်ဖို့ အခွင့်အရေးမရခဲ့ဘဲ သူတို့ကိုယ်တိုင် ထောင်ထားတဲ့ မိုင်းကိုနင်းပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Thanlwin Myanamr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့၊ ရှရော်ခ၊ ညောင်ပင်ကုန်းစခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

ဖားကန့်မြို့၊ ရှရော်ခ၊ ညောင်ပင်ကုန်းစခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ငယ် တစ်ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခ၊ ညောင်ပင်ကုန်းရွာ စစ်တပ်စခန်းကို KIA တပ်ဖွဲ့က ပြန် လည် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ကလည်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။ ဩဂုတ်လ ၅ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က သိမ်းပိုက်ထားသည့် ဖားကန့်မြို့...