AA News

AA News

မောင်တောမြို့ရှိ နခခ ၅ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းဆင်း RSO ARSA ARA တပ်ဖွဲ့ဝင်များ ကစဉ့်ကလျားထွက်ပြေးနေသဖြင့် လိုက်လံ ရှင်းလင်းလျက်ရှိပြီး စစ်ရေးလိုအပ်ချက်အရ နတ်မြစ်အတွင်းရေကြောင်းသွားလာမှု ပိတ်ပင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၈

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အကြမ်းဖက်စစ်တပ် လက်လောက်ခံ နောက်ဆုံးလက်ကျန် စခန်း ဖြစ်သော အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ -နခခ ၅ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ် ကောင်စီတပ်သားများနှင့်အတူ စစ်သင်တန်းဆင်း RSO ARSA ARA တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ထွက်ပြေးနေသဖြင့် လိုက်လံ ရှင်းလင်းလျက်ရှိရာ စစ်ရေးလိုအပ်ချက်အရ နတ်မြစ်အတွင်း ရေ ကြောင်းသွားလာမှု ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

 

ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အာရက္ခပြည်၊ မောင်တောဒေသ၊ မောင်တောမြို့၏ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို အာရက္ခတပ်တော်မှ အပြီးသတ်ချေမှုန်း သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်အတူ ပူးပေါင်း တိုက် ခိုက်နေကြသည့် RSO ၊ ARSA ၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ သင်တန်းပေးထား သော လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့မှာ လက်နက်များဖြင့် ကစဉ့်ကလျား ဖရိုဖရဲထွက်ပြေးနေကြဆဲ ဖြစ်သောကြောင့် လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် နခခ (၅) အနီးအနားသာမက မောင်တောဒေသ၏ အခြားသောနေရာများ၌ပါ တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။

 

ထို့အပြင် နခခ (၅) မှထွက်ပြေးလာကြသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် RSO ၊ ARSA ၊ ARA နှင့် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီမှ သင်တန်းပေးထားသော လက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့တို့သည် ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်၊ နတ်မြစ်တစ်လျှောက်၌ စက်လှေ၊ မော် တော်ဘုတ်၊ လောင်းလှေများဖြင့် ထွက်ပြေးရန် ကြိုးစားနေကြသောကြောင့် စစ်ရေးလိုအပ်ချက်နှင့် ပြည်သူ့လုံခြုံရေးအတွက် နတ်မြစ် (အာရက္ခပြည်ဘက်အခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်း ခရီးသွားလာမှုများကို ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်မှစ၍ အချိန်၊ ရက် အကန့် အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက် စစ်ဆင်ရေးဖော်ဆောင်မှု စစ် ကောင်စီ တပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦး ကယ်ထုတ်နိုင်ခဲ့

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၆ ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှ အကျဉ်းသားကယ်ထုတ်ရေး လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်များအပါအဝင် အကျဉ်းသား ၁၅ ဦးကယ်ထုတ်နိုင်ခဲ့ကြောင်း CDF – Hakha ကထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...