AA News

AA News

ဂွမြို့ကို စစ်ကူပေးရန် တက်လာသည့် စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ၁၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၇

 

ရခိုင်ပြည်နယ်၊ ဂွမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခ တပ်တော – AA က ထုတ်ပြန်သည်။

 

နိုဝင်ဘာလ ၂၄ ရက်နေ့က ဂွမြို့ဘက်သို စစ်ကူတက်လာသော အင်အား ၁၈၄ ဦးပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး၊ သံခဲချိုင် ကျေး ရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ၃ ရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အလောင်း (၁၂၀) ကျော်၊ စစ်သုံပန်းအချို့ နှင့် လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကူတက်လာသည့် တပ်ရင်းများမှာ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့ အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်မြို့၊ လှိုင်သာ ယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ စုပေါင်းထားသည့် စစ်ကောင်စီ စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်သားများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေပြီး  ဂွမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများ ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေ သည့်ကြားမှ အပြတ်အသတ် ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းကလည်း ဂွမြို့ မြောက်ဘက် သံတွဲ- ဂွ ကားလမ်း ပေါ်ရှိ ရွာသစ်ကုန်း စစ်ကောင်စီ ယာယီအထိုင်ကုန်းစခန်းကို အာရက္ခတပ်တော်( AA)က အပြင်း အထန် ထိုးစစ်ဆင်ကာ သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မင်းကွန်းဒေသတွင် ကင်းရွာရှိ ပြည်သူ့နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁   စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းရွာရှိ ပြည်သူ့နေအိမ်အလုံး ၁၀...