AA News

AA News

တောင်ကုတ်မြို့ကို ၁၇ ရက်ကြာတိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိနေသော စကခ ၅ တပ်မဌာနနှင့်လက် အောက်ခံ ခမရ ၃၄၆ ၊ ၅၄၄ တပ်ရင်းဌာနချုပ်တို့ကို တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ၁၇ ရက်ကြာတိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေသော စကခ ၅ တပ်မဌာနနှင့်လက် အောက်ခံ ခမရ ၃၄၆ ၊ ၅၄၄ တပ်ရင်းဌာနချုပ်တို့ကို တပြိုင်တည်းထိုး စစ်ဆင် တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်ပြောဆိုထားပါတယ်။

 

နိုဝင်ဘာလ ၄ ရက် နေ့က တောင်ကုတ်မြို့ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တောင်ကုတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်း၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်း တစ်ခုလုံး အတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊ အာလိမ်ငါး ဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင် ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊ တောင် ကုတ်မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ တောင်ကုတ်မြို့၊ သိမ်တောင် ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနဲ့ တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြို့မ ရဲစခန်းတို့ကို အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါတယ်။

တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ ဖက်ဆစ်စစ်ကောင်စီရဲ့ စခန်းတွေအားလုံးကို သိမ်းပိုက်ရယူပြီး နောက် တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးတွေဖြစ်တဲ့ စကခ (၅) တပ်မဌာနချုပ်နဲ့ စကခ (၅) လက်အောက်ခံတပ်ရင်းတွေဖြစ်ကြတဲ့ ခမရ (၃၄၆) ၊ ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်း တွေ ကို တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်- AA က ပြောပါတယ်။

 

တောင်ကုတ်မြို့ရှိ ဖက်ဆစ်စစ်ကောင်စီရဲ့စခန်းတွေကို ထိုးစစ်ကိုမစတင်မီ ကတည်းက ဝိုင်းရံပိတ်ဆို့ ဖြတ် တောက်ထားခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူလူထုကိုလည်း ဘေး လွတ်ရာကိုခေါ်ဆောင်ကာ အထိအခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ပြောပါ တယ်။

 

တောင်ကုတ်မြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်မျှမရှိတော့ပဲ အရက္ခတပ်တော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီဖြစ်သလို ကျန်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်တွေကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ် တိုက်ခိုက်မှု G2 အပါအဝင် ၂၀ ဦး ထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။ ဩဂုတ်လ ၂၅ ရက် မွန်းတည့်...