အမ်း၊ ဘူးသီးတောင်၊မောင်တောနှင့် မြေပုံမြို့နယ်တို့ရှိစစ်တပ်စခန်းများကို ထိုးစစ်အရှိန်မြှ့င်တိုက် ခိုက်၊ အမ်းမြို့ နယ်တိုက်ပွဲ စစ်သား ၄ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ မူလွန်ကျောင်းနှင့်လူနေအိမ် ၆ လုံးပျက်စီး
D Day News
ဧပြီလ ၄
ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တော မြို့နယ်နှင့်မြေပုံမြို့ နယ်တို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများကို ထိုးစစ်အရှိန်မြင့်တိုက်ခိုက်လျက်ရှိ ကြောင်း ရခိုင့်တပ်တော်- AA က ထုတ်ပြန်သည်။
ယခုရက်များအတွင်း၌ ရက္ခိုင့်တပ်တော်မှ အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော အကြမ်းဖက် စစ် ကောင်စီ ၏ စခန်းများမှာ ဘူးသီတောင်၊ စကခ – ၁၅ လက်အောက်ခံ ခမရ – ၅၆၄ တပ်ရင်းဌာန ချုပ်၊ အမ်းမြိုနယ်အတွင်းရှိ စကခ ၅ လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ် ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ဖြစ်ကြောင်း သိရသည်။
ယင်းစခန်းကြီးများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ အခြားသော စခန်း ငယ် များကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိကာ ရက္ခိုင်ဒေသအတွင်း၌ အကြမ်းဖက်စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို၏ တိုက်ပွဲများသည် ယနေ့အထိ တစ်ရက်မျှ ရပ်နား ခြင်းမရှိဘဲ နေ့တိုင်း ဖြစ်ပွားလျက်ရှိကြောင်း ရခိုင့်တပ်တော်က အသိပေးထားသည်။
ဧပြီလ ၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ ၅၆၄ တပ်ရင်းဌာနချုပ် စခန်း ကို လည်းကောင်း၊ထိုအတူ ဧပြီလ ၂ ရက် နံနက် ၆ နာရီ မိနစ်၂၀ တွင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဖက်မီတာ ၁၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိင့်- ၂၅၇ စခန်းကိုလည်းကောင်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ်၊ စညှင်းကျေးရွာအရှေ့ဘက်မီတာ ၁၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၇ စခန်း သည် ရှေ့တန်းအမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အောက်၌ရှိသော နည်းဗျူဟာ အမှတ် ၃ စခန်းဖြစ်ကြောင်း သိရသည်။
ယင်းစခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ အသုံးပြုကာ အသည်းအသန် ခုခံကာကွယ်လျက်ရှိပြီး ရခိုင်တပ်တော်ကလည်း ဒုတိယနေ့အဖြစ် ထိုးစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အရှိန်မြှင့်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက် ညနေ ၃ နာရီ ၅ မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးရွာအနောက်ဘက် ၁.၄ ကီလိုမီတာအကွာအဝေးရှိ တောင်ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ကြား တစ်နာရီခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး မျက်မြင် သေ ဆုံးခဲ့ကြောင်း သိရသည်။
ရက္ခိုင်ပြည်နယ်တွင် စစ်ပွဲတိုင်းရှုံးနိမ့်နေသော အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ပစ် မှတ်ထားတိုက်ခိုက်လျက်ရှိရာ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြိုရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက် နက် ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ရခိုင့်တပ်တော်-AA က ထုတ်ပြန် ထားသည်။
မတ်လ ၃၁ ရက် ည ၈ နာရီအချိန်တွင် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင် စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မူလတန်းလွန်စာသင်ကျောင်းနှင့်လူနေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂ ရက် ညနေ ၅ နာရီ ၁၆ မိနစ်နှင့် ၂၇ မိနစ် အတွင်း၌ လည်း မြေပုံမြို့နယ်၊ကမ်း ထောင်းကြီးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အပြစ်မဲ့အရပ်သားပြည်သာ ၃ ဦးသေဆုံးပြီး ပြည်သူတချိုထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၂ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
D Day News