AA News

AA News

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်းကြားတိုက်ပွဲဖြစ်နေပြီး အမ်း-ပဒါန်း ကားလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ရခိုင့်တပ်တော် – AA အရေးပေါ် ထုတ်ပြန်

 

D Day News

ဧပြီလ ၂

 

ရခိုင်ပြည်နယ်၊အမ်းမြို့နှင့် မကွေးတိုင်းကြား တိုက်ပွဲဆက်ဖြစ်နေပြီး အမ်း-ပဒါန်းကားလမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ရခိုင့်တပ်တော် – AA က အရေးပေါ်ထုတ်ပြန်သည်။

 

မတ်လ ၂၆ ရက်နေ့မှစ၍ ရက္ခိုင်ပြည်၊ အမ်းမြို့နှင့် မကွေးတိုင်းအကြားတွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနှင့် ရက္ခိုင့် တပ်တော်တို့ကြား နှစ်ဖက်ရင်ဆိုင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယနေ့ အထိ ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်း ခြင်း၊ ရိက္ခာနှင့် စစ်လက်နက် ခဲယမ်း များကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စွန့်လွှတ် မိုင်းများ ထောင်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိသဖြင့် အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံအနှံ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ရှုံးစစ်ကောင်စီသည် စစ်ရေးတွင်သာမက သံတမန်ရေးရာမျက်နှာစာများတွင်ပါ ဆက်တိုက်ရှုံးနိမ့် နေသည့်တိုင် ပြည်သူလူထုများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ် ဖြတ်သည့်လုပ်ရပ်၊ စစ်ရာဇဝတ်ကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲပင်ဖြစ် ကြောင်း ရခိုင့်တပ်တော်က ဆက်လက်ပြောဆိုထားသည်။

 

ယခုအခါ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုအား စစ်မှုမထမ်း မနေရဥပဒေကို ခုတုံးလုပ် ကာ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားများ ထိုးသွင်း ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်လျက်ရှိဟု ဆိုသည်။

 

ရက္ခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများ သည် ယနေ့အထိ ဆက်လက်ရှိနေခဲ့ပြီး စစ်အဟုန်သည်လည်း တစ်ရက်ထက်တစ်ရက် မြင့်တက် လျက်ရှိကြောင်း ရခိုင့်တပ်တော် – AA နိုဗာ (၁) စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သီတင်းကျွတ်လပြည့်နေ့ဖြစ်သော်လည်း ဖက်ဆစ်စစ်တပ်က နမ္မတူမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတို က်ခိုက်မှု နေအိမ် ၆ လုံးထက်မနည်းပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖက်ဆစ် စစ်တပ်က သီတင်းကျွတ်လပြည့် နေ ပင်မရှောင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံက သိရသည်။ ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၆ ရက်) နံနက်...