AA News

AA News

မောင်တောမြို့ နခခ ၂ စစ်သုံ့ပန်းအကျဉ်းစခန်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု မောင်တောမြို့သိမ်းတိုက်ပွဲမှ ဖမ်းမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး

 

D Day News

စက်တင်ဘာလ ၁၀

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နခခ ၂ စစ်သုံ့ပန်း အကျဉ်းစခန်းနှင့် ဝေသာလီကျေးရွာရှိ UN အဆောက်အအုံတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင် တောမြို့ သိမ်းတိုက်ပွဲမှ ဖမ်းမိထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့ကြောင်း ရခိုင့်တပ်တော် -AA က သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ စက်တင်ဘာလ ၉ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်တွင် မောင်တောမြို့၊ လေးမိုင် နခခ ၂ စခန်းကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်က ဂျက်ဖိုက်လေယာဉ် ၂ စီးအသုံးပြုပြီး လေ ကြောင်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင်တောမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးထိန်းသိမ်း ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊  ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိပြီး အသက်အန္တရာစိုးရိမ်ရသူများစွာလည်း ဆက်လက်ရှိ နေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် မောင်တောမြို့သိမ်းတိုက်ပွဲ အတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက် ကိုင်များ၊ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့ လေ့ကျင့်ထားသော သတင်းပေးများ၊ ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက် ပေး ပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူ များနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ပါကြောင်း သိရသည်။

 

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်း ဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ  ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၆) ရက်နေ့ တွင် အပြီးသတ်သိမ်း ပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်သည်။

 

ထိုအပြင် အကြမ်းဖက် စစ်ကောင်စီသည် နခခ (၂) အား ပစ်ခတ်တိုက်ခိုက်မှုမတိုင်ခင် ည ၈ နာရီ မိနစ် ၂၀  နှင့် ၈ နာရီ ၂၃ မိနစ်တို့တွင် မောင်တောမြို့၊ (၃) မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အ ဆောက်အအုံ တို့အား လေကြောင်းမှ ဂျက်လေယာဉ် (၁) စီးဖြင့် ဦးစွာလာရောက်ပစ်ခတ် တိုက်ခိုက် ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိပြီး လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအ ဆောက်အဦးကြီးများ၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံ များ အပါအဝင် ၎င်းတို စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် ရခိုင့်တပ်တော် – AA က အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...