AA News

AA News

မောင်တောမြို့တွင်း တိုက်ပွဲမှ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၁၀၀ ကျော် မြေမြှုပ် သင်္ဂြိုလ်ပေး၊ မောင်တောမြို့တွင်း၊ မြို့ပြင်နေရာများမှ စစ်သုံ့ပန်း များ ဖမ်းဆီးရရှိ

 

D Day News

ဩဂုတ်လ ၂၇

 

ရခိုင်ပြည်နယ်၊မောင်တောမြို့တွင်း၌ သိမ်းပိုက်ရရှိထား သော နေရာများမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားနှင့် မူဆလင်တပ်ဖွဲ့ဝင် အလောင်း ၁၀၀ ကျော် သိမ်းဆည်းကာမြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ရ ကြောင်း ရခိုင့်တပ်တော် -AA ကထုတ်ပြန်သည်။

 

အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိရာ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးထားသည့် အကြမ်း ဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ် နေရာ အများစုကိုလည်း အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ် သား နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများများကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၂၄ နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်အတွင်း အကြမ်းဖက်စစ်သား နှင့် အပေါင်းအပါ အလောင်း (၁၀၀) ကျော်နှင့် လက်နက်ခဲယမ်းများ ကိုတွေ့ရှိသိမ်းဆည်းကာ ရုပ်အလောင်းများကို ကောင်းမွန်စွာ မြေမြှုပ်ပေးရကြောင်း၊ ထို့အပြင် သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင် နေရာများမှ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

တစ်ပြိုင်နက်တည်းတွင် လက်နက်ကိုင်၍ ထွက်ပြေးသော အကြမ်းဖက်စစ်သားများကို လိုက်လံ ချေ မှုန်း လျက်ရှိပြီး အကြမ်းဖက်စစ်တပ်၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မောင်တောမြို့၏ အခြားနေရာအချို့ ၌ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ သံတွဲမြိုနယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ် ကျေးရွာ အနီးတို့တွင်လည်း ဖက်ဆစ်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သင်္ဘော (၈) စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...