AA News

AA News

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မြောက်ဦးမြို့ပေါ်ကို အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၁၁

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မြောက်ဦးမြို့ လူနေရပ်ကွက် အတွင်း သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစ်ဦးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြောက်ဦး ဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့ပြီး အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ကာ (၁၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၆ ရက် ည ၂ နာရီခွဲအချိန်ခန့်ကလည်းအရပ်သားပြည်သူများကို ဆေးကုသပေး နေသည့် မြောက်ဦးမြို့ ဆေးရုံတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊မြောက်ဦးမြို့သည် လက်ရှိအချိန် တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့သည်မှာ ရက်‌ပေါင်း (၁၈၅) ရက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲအစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ရှုံး ဖက်ဆစ် စစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက် အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုးမဲမဲကာ ဆက်တိုက် ကျူးလွန် လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...