AA News

AA News

မောင်တောမြို့နယ်၊ ဗိုလ်မှူးကျေးရွာမှ လူသားဒိုင်းကာအဖြစ် ထိန်းချုပ်ခံထားရသူ မူဆလင်ပြည်သူ ၃၀၀ ခန့်ကို AA ကယ်ထုတ် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၉

 

ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ကျေးရွာမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံထား ရသူ မူဆလင်ပြည်သူ ၃၀၀ ခန့်ကို ကယ်ထုတ်ပေးခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန် သည်။

 

ယမန်နေ့ ဩဂုတ်လ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ရွာအတွင်း ၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် မူဆလင်လက်နက်ကိုင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထိန်းချုပ်ပိတ်လှောင်ခံထားရသော သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေး သူငယ်များ စသည့် မူဆလင်ပြည်သူ ၃၀၀ ခန့်ကို ရခိုင့်တပ်တော် -AA တပ်ဖွဲ့ဝင်များက တိုက်ပွဲကြား၌ ကယ်ထုတ်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

https://youtu.be/Cp45azvPhdA

ယင်းပြည်သူအချို့သည် အကြမ်းဖက်စစ်သားများနှင့် မူဆလင်လက်နက်ကိုင်များက ကာလကြာရှည် စွာ လူသားဒိုင်းကာအဖြစ် အသုံးပြုခံထားရသဖြင့် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာရေစာ ပြတ် လပ်မှုဒဏ်ကိုခံစားခဲ့ရကြောင်း သိရသည်။

 

အာရက္ခတပ်တော်အနေဖြင့် မောင်တောမြို့ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိသည့်နည်းတူ မောင်တောမြို့သိမ်းတိုက်ပွဲကိုလည်း ဆင်နွှဲလျက်ရှိကြောင်း၊ ထိုကြောင့် မောင်တောမြိုနှင့် ၎င်းပတ်ဝန်းကျင်အနီးကျေးရွာများမှ ရွာသူရွာသားများအနေဖြင့် တိုက်ပွဲနှင့် လွတ် ရာ နေရာများသို့ တိမ်းရှောင်လာကြစေရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက် နှင့် ဩဂုတ်လ ၇ ရက်နေ့တို့ တွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကြေညာပြီးနောက် ဖက်ဆစ် စစ်ကောင်စီ၊ လက်နက်ကိုင်မူဆလင်များ၊ အကြမ်းဖက်မူလဆင် အဖွဲ့ များသည် မူဆလင်ရွာများမှ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ဆောင်ထားခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့ နမခမှထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၁ ဦး အရှင် မိ (ရုပ်သံ)

မုံရွာမြို့ နမခမှထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၁ ဦး အရှင် မိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခမှ စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးထက်မနည်းသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ဇေယျာညီနောင်စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။ ဩဂုတ်လ ၁၀ ရက်နေ့က မုံရွာမြို့အခြေစိုက်...