AA News

AA News

သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါအဝင် အကျဉ်းသား ၃၇၀ ကျော်ကို ကယ်ထုတ် နေစဉ် စစ်တပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦးအပါအဝင် ၇ ဦး သေဆုံး

 

D Day News

ဩဂုတ်လ ၈

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ၄၃ ဦးအပါအဝင် အကျဉ်း သား ၃၇၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးထိုသို့ ကယ်ထုတ်နေစဉ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၂ ဦးပါအဝင် ၇ ဦးသေဆုံးခဲ့ရကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်က သံတွဲမြို့ရှိ စစ်ကောင်စီတပ် စခန်း အားလုံး၊ ငပလီ မဇင်လေဆိပ်၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့ကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင်း၌ ပိတ်မိနေသော အကျဉ်းသား ၃၇၂ ဦးကို ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

 

ယင်းအကျဉ်းသားများအနက် ၇ ဦးကို ကယ်ထုတ်နေစဉ် အကြမ်းဖက်ဖက်ဆစ် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၅ ဦးသေဆုံးပြီး ကျန် ၂ ဦးမှာလည်း အပြင်းအထန်ဒဏ်ရာများဖြင့် ဆေးဝါး ကုသ နေဆဲပင်သေဆုံးသွားကြောင်း သိရသည်။

 

ထိုသို့ ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား (၄၃) ဦးပါဝင်ပြီး ထို အထဲမှ (၂) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ကြောင်း၊ ကျန် နိုင်ငံရေး အကျဉ်း သား ၄၁ ဦးထဲတွင်လည်း ဒဏ်ရာဖြင့် ပါလာသူများနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသူ ၁၇ ဦးကို ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယခင်ရက်များ၌ စစ်ကောင်စီတပ်ဖွဲ့၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ ခြင်း၊ လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို လိုက်လံ ရှင်း လင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရပြီး ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်း အ တာ တစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေးအကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များ နှင့် မိသားစုများထံသို့  ဩဂုတ်လ ၆ ရက်နေ့မှစတင်ကာ ပြန်လည်ပို့ ဆောင်ပေးနေပြီဖြစ်ကြောင်း ရခိုင့်တပ်တော် အသိပေးထားသည်။

 

အဆိုပါ နိုင်ငံရေး အကျဉ်းသား ၄၁ ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစိစစ်ပြီး လူ သားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများ နှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ ကြောင်း ဆက်လက်ပြောဆိုသည်။

 

ထိုအပြင် ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများကို ရခိုင့်တပ်တော်မှ ဆက်လက် ထိန်းသိမ်း ထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်း ကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

ကစယ်ဒိုမြို့နယ်၊ ကျောက်အိုင်ကျေးရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန် ၇   ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊...