AA News

AA News

ULA/AA အနေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းစရာမလိုသလို ပလက်ဝတွင် အတင်းအဓမ္မ စစ် သားစုဆောင်းမှုမရှိ ဟု ခိုင်သုခပြော

 

D Day News

ဇွန်လ ၉

 

ULA/AA အနေဖြင့် အတင်းအဓမ္မစစ်သားစုဆောင်းစရာမလိုသလို ပလက်ဝမြို့နယ်တွင် အတင်း အဓမ္မ စစ်သားစု ဆောင်းမှုမရှိကြောင်း ရခိုင့်တပ်တော် -AA ပြောခွင့်ရ ခိုင်သုခက ပြောကြားသည်။

 

ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသည့် အာရက္ခတပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထည့် သွင်း ပြောကြားခြင်းဖြစ်သည်။

https://youtu.be/PNTHIP4nhhM

“ကျနော်တို့အနေနနဲ့ အတင်းအဓမ္မစစ်သားစုဆောင်းစရာမလိုပါ၊ နောက်တစ်ခုရှိတာက အဖွဲ့အစည်း မူဝါဒအရ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ့ရဲ့ဆန္ဒမပါပဲ ဒီနေ့အထိ အတင်းအကြပ်စုဆောင်းတယ် ဆိုတာ လုံးဝမရှိပါ။ နောက်ပြီး အသက်မပြည့်တဲ့ လူငယ်တွေ တပ်ထဲဝင်ဖို့ရောက်လာရင်တောင်မှ ကျနော်တို့က သူ့ရဲ့မိဘတွေကို ပြန်ခေါ်ပြီးရင် မိဘလက်ထဲကို အပ်ပေးတာတွေရှိပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းတယ်ဆိုတာ လက်ခံနိုင်စရာမရှိဆိုတာ ကျနော့်အနေနဲ့ ဖြေကြား လိုပါတယ်” ဟု ရခိုင့်တပ်တော် – AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

 

ထို့အပြင် အရပ်သားများ ဖမ်းဆီးခံရသည်ဟု စွပ်စွဲချက်နှင့်ပတ်သက်၍ မည့်သည့်အချိန်၊ မည့်သည့် နေရာတွင် မည်သူ့ကို ဖမ်းဆီးထားကြောင်း နေရပ်လိပ်အစာအပြည့်အစုံဖြင့် တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ပစ္စည်းထုပ်များကို လာရောက်ကောက်ယူသည့် စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၉ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် Y-8 လေယာဉ်ဖြင့် ချပေးသည့် ထောက်ပို့ပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အဖြူရောင် ဒီပဲယင်းပကဖ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ...