AA News

AA News

ARSA ၊ RSO ၊ ARSအပါအဝင် ပြည်ပရောက်ကိုယ်ကျိုးရှာ မူဆလင်တစ်ချို့က စစ်ကောင်စီ အာဘော် များနှင့် တိုက်ခိုက်နေဟု AA ပြော (ရုပ်သံ)

 

D Day News

ဇွန်လ ၈

 

ARSA ၊ RSO ၊ ARSအပါအဝင် ပြည်ပရောက်ကိုယ်ကျိုးရှာ မူဆလင်တစ်ချို့က စစ်ကောင်စီ အာဘော် များနှင့် အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်း ရခိုင့်တပ်တော် – AA ပြောခွင့်ရသူ ခိုင်သုခက ပြောကြားသည်။

 

ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသည့် အာရက္ခတပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

https://youtu.be/KOjeL_4RNUQ

“စစ်ကောင်စီနဲ့နီးစပ်ပြီးတော့ ကျနော်တို့ထိန်းချုပ်မှုအားနည်းတဲ့ နေရာတချို့မှာတော့ ARSA ၊ RSO ၊ ARA စတဲ့ မူဆလင်အကြမ်းဖက်အုပ်စုသည် စစ်ကောင်စီလက်ကိုင်တုတ် မူဆလင်တချို့နဲ့ပြည်ပ ရောက်ကိုယ်ကျိုးရှာ အစွန်းရောက်မူဆလင်တချို့က သူတို့ကိုယ် သူတို့ မူဆလင်ကိုယ်စားပြုခေါင်း ဆောင်ယောင်ယောင် နာမည်ခံကာ ကမ္ဘာပတ် ၊ ငိုပြ မျက်ရည်ချူပြီးတော့ စစ်ကောင်စီအလိုကျ စစ်ကောင်စီအာဘော်တွေနဲ့ အာရက္ခတပ်တော် တိုက်ခိုက်လာတာ ဒီရက်ပိုင်း အတွင်းမှာ ပိုလို့ ထင် ထင်ရှားရှားတွေ့မြင်ရလာပါတယ်။ ဒီကိစ္စအပေါ်မှာလည်း ကျနော်တို့အနေနဲ့ သတိထားကိုင်တွယ် ဖြေရှင်းနေပါတယ်။” ဟု ရခိုင့်တပ်တော် – AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။

 

ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ရခိုင့်တပ်တော်မှ ထိုး စစ်ဆင်တိုက်ခိုက်လျက်ရှိရာ မောင်တော၊ သံတွဲနှင့် အမ်း မြိုနယ်များအတွင်း အဓိကဖြစ်ပွားလျက် ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

 

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တလျှောက်၌ စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင် များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲများနှင့် ရခိုင့်တပ်တော်တို့ကြား ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေ ကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတိုကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည့် အပြင် အရပ် သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွား လာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း အသိပေး ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...