AA News

AA News

ပြည်သူလူထုက လိုလား အသိအမှတ်ပြုသူကိုသာလျှင် AA က အစိုးရအဖြစ် ဆက်ဆံမည်(ရုပ်သံ)

 

D Day News

ဇွန်လ ၈

 

မြန်မာပြည်သူတစ်ရပ်လုံးက အသိအမှတ်ပြု လိုလားသူကိုသာလျှင် အာရက္ခတပ်တော်-AA အနေဖြင့် အစိုးရအဖြစ်ဆက်ဆံသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်။

 

ယနေ့ ကျင်းပသည့် အာရက္ခတပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ နှင့် NUG အနက်မှ မည်သူကို အသိအမှတ်ပြု ဆက်ဆံမည်နည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ခိုင်သုခ က အထက်ပါ အတိုင်း ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

https://youtu.be/tUH8qrAvvgo

မြန်မာပြည်သူတစ်ရပ်လုံးက မည်သူကို အသိမှတ်ပြုသည်၊ မည်သူကိုပိုလိုလားသည်၊ မြန်မာပြည်သူ များအတွက် မည်သူက အရည်ချင်းရှိရှိဖြင့် တာဝန်ခံတာဝန်ယူပြီး ဆောင်ရွက်နိုင်ကြောင်းသာလျှင် ပိုပြီး အခရာကျကြောင်း၊ ပြည်သူများအတွက် အစိုးရတာဝန်ကို မည်သူယူနိုင်သလဲဆိုသည့် အချက် ပေါ်မှာမူတည်ပြီး ရွေးချယ်သွားမည်ဖြစ် ကြောင်း အာရက္ခတပ်တော် AA ၏ပြောခွင့်ရ ခိုင်သုခ က ပြောကြားသည်။

 

လတ်တလောတွင် AA က အာရက္ခလမ်းစဉ်အတိုင်း ဆက်လက်သွားနေပြီး ခွဲထွက်ရန် မရှိသေး ကြောင်း၊ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့် ကွန်ဖက်ဒရိတ်ကို အပြည့်အဝရအောင် တည်ဆောက်နေဆဲ ဖြစ် ကြောင်း ၊ တစ်ဖက်နှင့်တစ် ဖက် အပြန်အလှန်လေးစားပြီးလျှင် တည်ငြိမ်အေးချမ်းသည့် အနာဂတ် ကို တည်ဆောက်ရန် ရည်ရွယ်ပြီး လုပ် ဆောင်နေကြောင်း ခိုင်သုခကပြောဆိုသည်။

 

လက်ရှိတွင် AA က ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်များကို ထိုးစစ်ဆင်နေပြီး မြို့နယ် အများစုများကို လွှမ်းမိုးသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါးသေဆုံးပြီး လက်နက်ခဲယမ်း များသိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပထုံငံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Kayan National Army -KNA တပ်ဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့က ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်အစပ် ထိုလိပလံရွာနှင့် ပထုံငံရွာ တို့ဘက်သို့...