AA News

AA News

ဘူးသီးတောင်မြို့အခြေစိုက်ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်များစခန်းများအားလုံးကို သိမ်းပိုက်ပြီး ဘူးသီးတောင်မြို့ကို AA ထိန်းချုပ်

 

D Day News

မေလ ၁၈

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်းစခန်းအားများ အား လုံးကို သိမ်းပိုက်ပြီး ရခိုင့်တပ်တော်က ဘူးသီးတောင်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရ သည်။

 

ယနေ့ မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ် ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချိုအပါအဝင် စခန်းအားလုံးကို အာရက္ခတပ် တော် (Arakan Army) မှ တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။

ယနေ့ နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊  အမြောက်တပ်၊ ထောက်ပိုတပ်ရင်းနှင့် GE တပ်ရင်း တို့ဖြစ်ကြောင်း မေလ ၁၄ ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နှင့် ခမရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၁၃ ရက်နေ့တွင် နယ်ခြားစောင့်တပ် နခခ (၃) အားလည်းကောင်း၊ မေလ ၁၆ ရက် နေ့တွင် နယ်ခြားစောင့်တပ် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြော်ငး သိရသည်။

 

အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာတိုက်ခိုက်နေသော စစ်သွေးကြွဘင်္ဂလီ တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်း ပိတ်ဆိုတိုက်ခိုက်လျက်ရှိရာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟု ထင်ရသော နေရာများ၊ ကျေးရွာများနှင့် ဘူးသီးတောင်မြို့အတွင်းသို ထွက်ပြေးနေကြသောကြောင့် ဘူးသီး တောင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ရခိုင့်တပ်တော်က “အထူး” သတိပေးထားသည်။

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့်မင်းတက်တောင်ကြား၌ စစ်တပ်စစ်ကြောင်း ၂ ခုကို AA တပ်ဖွဲ့က တိုက်ခိုက်ချေမှုန်းမှု စစ်မှုထမ်းစစ်သား ၁၀၀ ကျော် သေဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြား၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ၂ ခုကို အာရက္ခတပ်တော် -AA က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်မှုထမ်းတပ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊...