Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခမရ ၄၀၅ တပ်ရင်းမှူးအပါအဝင် စစ်သား၊ ပျူစောထီး ၄၀ ကျော်သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၅

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ ခမရ ၄၀၅ တပ်ရင်းမှူးအပါအဝင် စစ်သား၊ ပျူစောထီး ၄၀ ကျော်သေဆုံးခဲ့ ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၃ ရက် နေ့က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားသော စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၄၀၅ တပ်ရင်းမှူးအပါအဝင် စစ်သား၊ ပျူစောထီး ၄၀ ကျော်သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ခမရ ၄၀၃ တပ် မှူးအပါအဝင် စစ်သား၊ ပျူစောထီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ စခန်းထဲအထိ ရောက်ခဲ့ပါတယ်၊ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရေကြောင်းကနေ စစ်ကူပို့ တာကို မတားနိုင်ခဲ့ဘူး။ ကြည်း၊ ရေ၊ လေ သုံးခုစလုံးက ခုခံနေတော့ ပြန်ဆုတ်ပေးခဲ့ရတာပါ၊ လက်နက်ခဲယမ်းအချို့တော့ ရရှိခဲ့ပါတယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကာ ဒေါနစစ်ကြောင်း တပ်ခွဲ – ၇ ၊ ဖက် ဒရယ်ဓူဝံတပ်ဖွဲ့နှင့် နွေဦးပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ခရိုင် တပ်ပေါင်းစုမှ ရဲဘော်၂ ဦး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာကျဆုံးခဲ့ကာ ရဲဘော် တချို့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို သိမ်းပိုက်ထားပြီးနောက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်း ဖက်စစ်တပ်က ကြည်း၊ ရေ၊ လေ အင်အားအလွန်အကျွံအသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် ထားဝယ် ခရိုင်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များ ခွာစစ်ပြုကာ လက်လွှတ်ပေးခဲ့ရကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ယာဉ်တစ်စီးတိမ်းမှောက်ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် စစ်တပ် စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅...