Pyin Oo Lwin News

Pyin Oo Lwin News

ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းကို ရှော့တိုက်ဒုံးအလုံး ၂၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု မန္တလေး PDF တရားဝင်ထုတ်ပြန်

 

D Day News

ဧပြီလ ၁၆

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ DSA ကျောင်းကို ရှော့တိုက်ဒုံး အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDF က တရားဝင်သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၁၄ ရက် ည ၉ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီမင်းအောင်လှိုင် ပြင်ဦးလွင်မြို့သို့ရောက်ရှိ နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့က ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းကို ရှော့ တိုက်ဒုံး အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံးများသည် DSA ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်မှုအခြေအနေများကို စုံစမ်းလျက်ရှိကြေင်း သိရသည်။

 

ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး များ ဖြင့် တရစပ် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရှော့တိုက်ဒုံးများ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ကြီးများ နေပြည်တော်သို့ တခါတည်းထွက်ပြေးသွားပြီး ခြောက်နာနေသဖြင့် ဧပြီလ ၁၃ ရက် နေ့ကတည်းက နေပြည်တော်၌ ပြန်လည်ရောက်ရှိနေကြောင်း၊ ရှော့တိုက်ဒုံးတိုက်ခိုက်ခံရချိန်တွင် ပြင်ဦးလွင်မြို့၌ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မရှိတော့ စစ်ကောင်စီဝါဒဖြန့်သတင်း ဌာနက ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

ဘုရင့်နောင်မြို့ တိုက်ခိုက်ရေးသင်တန်းကျောင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ဗိုလ်မှူးအဆင့်ရှိသူ ၃ ဦး အပါအဝင် ၇ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၁   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေး ကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ...