NUG News

NUG News

စစ်တပ်မှ CDM ပြုလုပ်လာသူ ဒုဗိုလ်မှူးကြီး (၅) ဦး၊ ဗိုလ်မှူး (၄၂) ဦးအပါအဝင် ၁ သောင်းကျော်ရှိပြီး တော်လှန်ရေးတွင် အင်အား ရာချီ ပါဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၅

 

စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာသူ ဒုဗိုလ်မှူးကြီး (၅) ဦး၊ ဗိုလ်မှူး (၄၂) ဦး အပါအဝင်၁ သောင်း ကျော်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့တွင် အင်အား ရာချီ ပါဝင်လုပ်ဆောင်နေကြောင်း NUG ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ စစ်တပ်မှ (၃၈၇၂) ဦး၊ ရဲ (၁၀၈၈၈) ဦး စုစုပေါင်း (၁၄၇၆၀) ဦး ပြည် သူ့ ရင်ခွင်ခိုလှုံခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် တနှစ် အတွင်း တပ် (၄၂၅) ဦး၊ ရဲ (၁၄၂) ဦး စုစုပေါင်း (၅၆၇) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များတွင် အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၅) ဦး၊ ဗိုလ်မှူး (၄၂) ဦး၊ ဗိုလ်ကြီး (၃၂၃) ဦး၊ ဗိုလ် (၁၀၂) ဦး ရှိခဲ့ပြီး ကျား (၃၆၀၆) ဦး၊ မ (၂၆၆) ဦး ရှိကြောင်း သိရသည်။

 

အလင်းဝင်ရောက်သူများတွင် လက်နက်ဖြင့် ပြည်သူ့ရင်ခွင် ဝင်ရောက် လာသူ (၂၁၀) ဦးရှိပြီး လက် နက်မျိုးစုံ (၂၂၈) လက်နှင့် ခဲယမ်းကျည်မျိုးစုံ (၃၂၇၀၇) ရရှိခဲ့ကြောင်း၊အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် တပ် နှင့်ရဲ (၅၄၄၄) ဦး၊ မိသားစုဝင် (၁၉၇၇) ဦးအတွက် လစဉ် ကျပ် သိန်း (၆၀၀၀) ကျော် သုံးစွဲလျက် ထောက်ပံ့ကူညီနေကြောင်း သိရသည်။

 

ပြည်သူ့ရင်ခွင်ခိုလှုံလာသူများအနက်မှ စစ်ရုံးချုပ်၊ စစ်နည်းဗျူဟာလေ့လာရေးရုံးတွင် (၉) ဦး အပါ အဝင် စုစုပေါင်း (၄၈၅) ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များအဖြစ် ခံယူ လျက် တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေး တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများ၊ ပကဖ တပ်ဖွဲ့များတွင် တပ် သား အဆင့်မှသည် တပ်ရင်းမှူး အဆင့်ထိ တော်လှန်ရေး တာဝန်များကို ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်တွင် တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ ဘက်သို့ ပူးပေါင်းရပ်တည်လိုသော တပ်မတော်သားနှင့်ရဲတပ်ဖွဲ့ဝင်များအတွက် မဟာမိတ် တိုင်းရင်း သားအဖွဲ့အစည်းများ(EROs)နှင့်ပူးပေါင်းလျက် ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းပျက်စီးပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာရှိ ရန်အောင်မင်္ဂလာဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီး...