Karen State News

Karen State News

ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၄ ဦးသေဆုံးပြီး လက်နက်ငယ် ၁၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၅

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော စစ်ကြောင်း ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သား ၃၄ ဦးသေဆုံးပြီးလက်နက်ငယ် ၁၅ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၃၀ ရက်မွန်းလွဲ ၂ နာရီခန့်က စတင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီ၏ အနန်း ကွင်းဗျူဟာစခန်းသို့ စစ်ကူလာသော တပ်မ (၄၄) လက်အောက်ခံ ခမရ (၂) ၊ ခလရ -၂ ဗျူဟာမှူး ဦးစီး အင်အား ၁၅၀ ကျော် စစ်ကြောင်းကို KNLA တပ်ဖွဲ့များ၊ နဂါးနီစစ်ကြောင်း (RDC)နှင့် အထူးစစ် ဆင် ရေးတပ်ဖွဲ့ (SOF) တို့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ရှေ့တိုးမရပဲ ဒီဇင်ဘာလ ၃၁ ရက် ညနေ ၅ နာရီအချိန်တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့ တိုက်ခိုက်မှုကို ဖောက်ထွက်နိုင်ရန်အတွက် အမှတ် ၄ တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ၁၅၅ မမ ပစ်ကူများ၊ Jet Fighter ၂ စီးဖြင့် ၄ ကြိမ်၊ Y 12 လေယာဉ် ဖြင့် ဗုံးသီးများ၊ ဗျူဟာစခန်းအတွင်းမှ ၈၁ မမ ပစ်ကူများ အသုံးပြုခဲ့ကြောင်း သိရသည်။

 

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ မနက်မှ စ၍ တစ်နေ့လုံး တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ Jet Fighter ၃ စီး ၆ ကြိမ်၊ Y 12 ဖြင့် ဗုံးသီးများ ကြဲခြင်း၊ ၁၅၅ မမ၊ ၈၁ မမ များ ပစ်ကူများ အဆမတန် ထပ်မံအသုံးပြုခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၅၀ ဦး ဝန်းကျင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ငယ် ၁၅ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် အနန်းကွင်းဗျူဟာစခန်းအတွင်း၌ အကြမ်းဖက်စစ်သား အင်အား(၂၀၀)ကျော်ဖြင့် ရှိနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ျမားက ဆက်လက် ပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...