Jail News

Jail News

စစ်ကောင်စီပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှု အလွန်နည်းပါးပြီး မန္တလေးအိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၃ ဦးလွတ်မြောက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၄

 

စစ်ကောင်စီက ယနေ့ပေးသော လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု အလွန် နည်းပါးပြီး မန္တလးအိုးဘိုအကျဉ်းထောင်က ၃  ဦးလွတ်မြောက်မှုရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း ထံမှ သိရသည်။

 

“မန္တလေးအိုးဘိုအကျဉ်းထောင်ကနေ ၅၀၅ နဲ့ထောင်ချခံထားရတဲ့ အသိ ၃ ယောက်လွတ်ပါတယ်” ဟု နိုင်ငံရေးအသိုင်းအဝန်းမှ အမျိုးသမီးတစ်ဦးက သံလွင်မြန်မာသတင်းဌာနထံသို့ ပြောကြားသည်။

Photo – ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ရှေ့ ယနေ့ ဇန်နဝါရီလ ၄ ရက် မြင်ကွင်း။

ယနေ့ လွတ်ငြိမ်းချမ်းသာပေးခံရသူများထဲတွင် လူသတ်မှု၊ မုဒိန်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေအရ ပြစ်ဒဏ်များ၊ မတရားအသင်းများအက် ဥပဒေ အရ ပြစ်ဒဏ်များ၊ ၁၈၇၈ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်ပြစ်ဒဏ်စီ ရင်မှု ယာယီအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် ယာ ယီ ပြင်ဆင်ချက်အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက် ဥပဒေ အရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ ဆိုင်ရာဥပဒေအရ ပြစ်မှု များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများဖြင့် ထောင်ဒဏ်ချ မှတ်ခံ ထားရသူသူများကို လွှတ်ပေးမည်မဟုတ်ကြောင်း သိရသည်။

 

“ကျနော်တို့ရန်ကုန်မှာက အခုတော့ ကားတွေဝင်သွားပြီ။ ၁၁ နာရီလောက်မှ လွှတ်ပေးမယ် ထင်တယ်၊” ဟု အင်းစိန်အကျဉ်းထောင်ရှေ့ရောက်ရှိသူနေသူ တစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း...