Mon State News

Mon State News

ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သုဿန်ဂိတ်နှင့် ဇီးဖြူကုန်းအထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သုဿန်ဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် ညနေ ၄ နာရီ ၇ မိနစ်က ကျိုက်ထိုမြို့နယ်၊ လက်ပံပင် သုဿန်ဂိတ်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် PDF – ၇၈၀၅ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Video – ကျိုက်ထိုမြို့နယ်၊ လက်ပံပင်သုဿန်ဂိတ်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု

ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်း အသိပေးထားသည်။

 

ထို့အပြင် KRF အနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း ဆက်လက် ထုတ်ပြန်ထားသည်။

 

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကရင်ပြည်နယ်နှင့် မွန်ပြည်အစပ်ရှိ တံခွန်တိုင်၊ ဇီးဖြူကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် 23 kg ဗုံးသီး ၂၄ လုံးကြဲချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၁၆ ၊ MLA နှင့် မွန်ပြည်နယ် ပကဖ(တိုက်ခိုက်ရေးအဖွဲ့) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...