MNDAA News

MNDAA News

သိန္နီမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်အဆောက်အအုံများ ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားရာ သိန္နီမြို့ကို အကြမ်းဖက်စစ် ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း MNDAA တပ် ဖွဲ့က ထုတ်ပြန်သည်။

 

ယမန်နေ့ ည ၁၁ နာရီ ၁၉ မိနစ်က သိန္နီမြို့၊ အမှတ် ၃ ရပ်ကွက်၊ သိန္နီဟိုတယ်ဘေးပတ်ဝန်းကျင် နေရာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါက်ကွဲအားပြင်းသော ဗုံးသီး ၂ လုံးကျဲချတိုက် ခိုက်ခဲ့ရာ နေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့သည့်အပြင် အနီးအနားရှိနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

ထိုသို့ နေအိမ်များ ပြိုကျပျက်စီးခဲ့သော်လည်း ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း သိန္နီမြို့နယ်၊ နမ့်ပေါင်နှင့်သံလွင်စံပြကျေးရွာကို စာသင် ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် ၃၈ ရက် အကြာ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူအများ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Jail News

Jail News

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်နှင့် ၁၄ မိုင်ကွာဝေး သည့် ကစထ ၆ အတွင်း၌ ထိန်းသိမ်းထားပြီး သွား၊ နှလုံးနှင့်သက်ကြီးပိုင်းတွင်ဖြစ်တတ်သောရောဂါ များ ခံစားနေရပြီး ဆေးမြီးတိုဖြင့်သာ ကုသနေရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်နှင့် ၁၄ မိုင် ကွာဝေး...