Nay Pyi Taw News

Nay Pyi Taw News

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းငယ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စ ခန်းငယ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ပျဉ်းမနားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရ သည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီခန့်က နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ အဟာရသုခစျေး နှင့် ဘောဂသီရိကားကြီးကွင်း အကြား ကင်ပွန်းတန်းကျေးရွာမြောက်ဘက်ရှိ စစ်ကောင်စီ၏ ဂိတ် စခန်းငယ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်ပျက်စီးမှု ကြောင်းသိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော် – ပျဥ်းမနားမြို့နယ် (ပကဖ) တိုက်ခိုက်ရေးတပ်ခွဲ ဗိုလ်တာရာ အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...