Poem

Poem

ကဗျာကဏ္ဍ “သစ္စာတော်”

 

ပျိုးကြဲလက်

 

စစ်သည်တော် ရွှေနှုတ်ဖျားက

ဆိုထားတဲ့ သစ္စာကို

ဖောက်ဖျက်လို့ပို ။

ရန်ရှာလို

ပြည်သူဆို နိုင်သေး ။

လက်နက်ကိုင် တော်လှန်တပ်ကိုလ

သေနတ်ချပြေး ။

 

သစ္စာတော် စူးပါစ

ရူးကြတဲ့ အမိုက်ကောင်

မူးယစ်ဆေးကြောင် ။

တောခေါင်ခေါင်

တိုက်ပွဲဆောင် ဘယ်မထိန်း ။

မြို့တက်ကာ ပြည်ထောင်လက်တို့

သူ့ထက်ငါသိမ်း ။

 

တပ်မတော် အင်္ဂါပျက်ပြီမို့

နေရက်တို့ နည်းသကို

ကြောက်စိတ်ရယ်ပို ။

နေညိုညို

မပြိုခင် ခဏလေး ။

ဝဋ်ကိုသာ အလှည့်ကျ

ခံကြရသေး ။

 

ပွဲကြိုက်သူ ခေါင်းဆောင်ကြီးက

ပြုံးဖြီးဖြီး ပျော်သကို

စစ်တပ်ကယ်ပြို ။

ပြည်တခို

နေညိုပေါ့ ဇာတ်ရူး ။

ရဲမက်တွေ အလံဖြူပြအောင်

ချိုကြွလို့မြူး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက် ည ၁၀ နာရီ ၂၇ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...