မကြာမီအချိန်အတွင်း မြို့သိမ်းတိုက်ပွဲဖော်ဆောင်တော့မယ်လို့ MBT တပ်ဖွဲ့ အသိပေး။ ၂၀၂၄ ခုနှစ် အတွင်း တိုက်ပွဲပေါင်း ၄၂ ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၁
မန္တလေးတိုင်းနှင့်မကွေးတိုင်းအတွင်းတွေမှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်တော့မယ်လို့ မြင်းခြံ ခရိုင် အမှတ် ၉ တပ်ရင်း – Myingyan Black Tiger (MBT)တပ်ဖွဲ့က ထုတ်ပြန်အသိပေးလိုက်ပါ တယ်။
အခုအခါမှာ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ခေါ်ယူခဲ့တဲ့ End Point ကမ်ပိန်းမှာ ပြည်သူ တွေရဲ့ ယုံကြည်ထောက်ပံ့မှုကြောင့် ကမ်ပိန်းရည်မှန်းချက်ထက် ကျော်လွန်ကာ ၁၀၃ ရာခိုင်နှုန်း အထိ အောင်မြင်ခဲ့ပြီဖြစ်တဲ့အတွက် မကြာမီကာလအတွင်း မြိုပြစစ်ဆင်ရေးတွေ လုပ်ဆောင်သွား မှာ ဖြစ်တယ်လို့ အသိပေးထားတာပါ။
“မြို့သိမ်းတိုက်ပွဲက မကြာမီအချိန်အတွင်း စတင်တော့မှာပါ၊ ကျနော်တို့အနေနဲ့ ဘယ်အချိန်မှာ ဘယ်လိုတိုက်မယ်ဆိုတာ မသိပါဘူး။ စစ်ရေးအရ သင့်တော်တဲ့အချိန်နဲ့ သင့်တင့်တဲ့အချိန်မှာ ဝင် တိုက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာတွေ သိုလှောင်ထားဖို့၊ ဆေး ဝါးတွေကို တတ်နိုင်သလောက်စုဆောင်းထားဖို့ တိုက်တွန်းချင်ပါတယ်။ ပြီးတော့ စကစ စခန်းတွေနဲ့ နီးတဲ့နေရာတွေမှာ အတတ်နိုင်ဆုံး သွားလာခြင်းရှောင်ရှားကြဖို့၊ အပျော်အပါးတွေလုပ်တဲ့နေရာမှာ လည်း စကစနဲ့နီးတဲ့နေရာတွေမှာ မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက သံလွင်မြန်မာသတင်းဌာနကို ပြောပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ မန္တလေးတိုင်း၊ မကွေးတိုင်းတွေမှာ စစ်ဆင်ရေးတိုက်ပွဲပေါင်း ၄၂ ကြိမ်ဖော် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေ၊ စစ်ကြောင်းတွေကို Myingyan Black Tiger (MBT) တပ် ဖွဲ့ဝင်တွေက တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မှု ၉ ကြိမ်၊ ခုခံစစ် ၁၁ ကြိမ် ၊ မြိုပြပြောက်ကျား စစ်ဆင်ရေး ၁၁ ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု ၆ ကြိမ်၊ နဲ့ ဒရုန်း စစ် ဆင်ရေး ၅ ကြိမ် စုစုပေါင်း စစ်ဆင်ရေး ၄၂ ကြိမ်ဖော် ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အကြမ်းဖက်စစ်သားတွေ အသုံးပြုတဲ့ လက်နက်ကြီး၊ လက်နက် ငယ် ၂၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
Myingyan Black Tiger – MBT တပ်ဖွဲ့ဘက်ကလည်း ရဲဘော်ကုလားလေးနဲ့ ရဲဘော်ဝဏ္ဏထွန်းတို့ ၂ ဦး တိုင်းပြည်နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရတယ်လို့ သိရပါတယ်။
Thanlwin Myanmar Media