Sagaing News

Sagaing News

မုံရွာ-မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းနှင့် လမ်းကင်းစစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် ယင်းအကြမ်းဖက်စစ်ယာဉ်တန်းနှင့် လုံ ခြုံရေးယူ ပေးရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၉ နာရီခန့်က မုံရွာမြို့အခြေစိုက် နမခမှ ထွက်လာသော သံချပ်ကာ ကား ၆ စီးပါ ယာဉ်တန်းကို လုံခြုံရေးယူပေးရန် ချောင်းဦးမြို့တွင်းမှ ထွက်လာသည့် အင်အား ၃၀ ခန့်ရှိ စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကို ခေတ္တခဏငြိမ်သက်စောင့်ဆိုင်းကာ မုံရွာမြို့ အခြေစိုက် နမခမှ ထွက် လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ကားများထိခိုက်မှု ရှိသော်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက် ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲ၊ 11 People Defense Force ၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်း နှင့် Nway Oo Brothers Column (နွေဦးညီကိုစစ်ကြောင်း) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၁ ရက် ညနေ ၅ နာရီ ၆ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်း၌ စစ်ကိုင်း တပ်မ ၃၃ သို့ တပ်သားသစ်များ ပို့ဆောင်ပြီး မုံရွာမြို့၊ နမခဌာနချုပ်သို့ ပြန်လာသော သံပြားကာ ကား နှင့် Jammer ကား ၅ စီးပါ ၆ စီးယာဉ်တန်း၏ ၅ စီးမြောက်ကားကို အထူးပြုလုပ်ထားသော ပဒေသာမိုင်း ၅ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားကိုထိမှန်ပြီး ရပ်တန့်သွားကြောင်း သိရသည်။

 

“မုံရွာနမခကနေ စစ်ကိုင်းတပ်မ ၃၃ ကို တပ်သားသစ်တွေသွားပို့ပြီး ပြန်လာတာ။ အသွားတုန်းက လည်း မိုင်းဆွဲဖို့လုပ်သေးတယ်။ လမ်းဘေးကင်းပုန်းတွေနဲ့တွေ့လို့ မဆွဲခဲ့ရဘူး။ အပြန်မှ ဆွဲခဲ့ရတာ၊ ကားကတော့ ထိတယ်၊ ခပ်လှမ်းလှမ်းတနေရာမှာ ထိုးရပ်သွားတာ။ ထိခိုက်ပျက်စီးမှုကတော့ မသိရ သေးဘူး” ဟု Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

နံနက် ၈ နာရီ ၂၂ မိနစ်ကလည်း မုံရွာမြို့မှ စစ်ကိုင်းတပ်မ ၃၃ သို့ တပ်သားသစ်များ ပို့ဆောင်ရန် ထွက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာ၌ မိုင်းဆွဲတိုက်ခိုက် ရန် အသင့်စောင့်ဆိုင်းနေစဉ် လမ်းပိုင်းကင်းယူ ထားသော အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ် ခတ်မှုကြောင့် မိုင်းဆွဲခွင့်မရပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုများကို Area 71 PDF Monywa အဖွဲ့၊ မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့ ၊ ANTAR DEFENCE FORCE (ADF) ၊ မုံရွာ ခရိုင်တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၂ နှင့် Tiger Brother’s People`s Defence Force အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ဇီးကုန်းမြို့အနီးတွင် စစ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီးနောက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ   သံလွင်မြန်မာသတင်း ဇွန်လ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ထန်းကုန်းတိုက်နယ် ပကဖထံ မှ သိရသည်။...