Magway News

Magway News

ကံမမြို့နယ်တွင် လူငယ်များကို‌ ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းစစ်သားအဖြစ်ရောင်းစားနေသည့် ညောင်ပင် ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၀

 

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရ သည်။

 

ဒီဇင်ဘာလ ၂၇ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်က ကံမြို့နယ်အတွင်းရှိ လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းလူစားမပေးနိုင်သည့် ကျေးရွာများမှ ငွေကျပ် သိန်း ၁၀၀ ယူဆောင်ကာ စစ်မှုထမ်းလူစားထိုးရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာနေပြည်သူများ ထံမှလည်း စစ်မှုထမ်းလူစားထိုးရန်အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှင့် နှစ်လတစ် ကြိမ်ကောက်နေသော အသက် ၅၆ နှစ်အရွယ် စိန်ဝင်းမောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

“သူက စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ ပေါ်တာလိုက်ဆွဲတယ်။ သူက ပွဲစားလို့ ဖြစ်နေတာပေါ့။ ကံမ မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် လူပေးဖို့တောင်းတာတွေရှိ တယ်။ အဲလိုအချိန်မှာ လူမပေးနိုင်တဲ့ ရွာတွေက စန်းဝင်းမောင်အုပ်ကြီးဆီမှာ သိန်း ၁၀၀ နဲ့လူဝယ်ရ တာ ပေါ့၊တကယ်က သူက ကံမမြို့နယ်စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်စားနေတာ။ ပြီးရင်သူတို့ကအချိုးကျ ခွဲဝေယူကြတာ။ နောက်ထပ်ကြားသိရတာတစ်ခုက ကံမမြို့နယ်အပြင် ပန်းတောင်းမြို့နယ်ကပါ သူ့ဆီက လူစားထိုးဝယ်ရတာတွေရှိတယ်လို့ သိရတယ်။” သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောကြားသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...