Sagaing News

Sagaing News

ကန့်ဘလူမြို့နယ်၊ မြကန်သာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်းတစ်ဦးကို လက်နက် ၅ လက်နှင့်အတူ ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြကန်သာပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးကို လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၈ တပ်ရင်းထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၅ ရက် ည ၁၁ နာရီခန့်က အင်းအာ ၆၀ ခန့်ဖြင့် တပ်စွဲထားသော ကန့်ဘလူမြို့နယ်၊ မြကန်သာပျူစောထီးစခန်းနှင့်ကျေးရွာအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အချို့ သောပျူစောထီး များ၊ စစ်သားများမှာလက်နက်ချအညံ့ခံမှုရှိခဲ့သော်လည်း အချို့သောသူများကိ ခုခံ ပစ်ခတ်တိုက် ခိုက်သဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွား ကြောင်း သိရသည်။

 

“ပျူက ၃၀ လောက်နဲ့ စခ ၂၈ ယောက် စုစပေါင်း ၅၈ ယောက်ရှိပါတယ်။ ဝင်တိုက်တဲ့အချိန်မှာ ခုခံသူ ရှိသလို လက်နက်ချသူတွေလည်းရှိပါတယ်။ ၁၁ နာရီမှာစတိုက်တာ၊ ၁၂ နာရီလောက်မှာ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ သိမ်းပိုက်ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေကို တစ်စုံတစ်မှ မဖျက်ဆီးပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း G3 အမျိုးအစားသေနတ် ၂ လက် ၊ ကာဘိုင် အမျိုးအစားသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၊ ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ချအညံ့ခံ သော  ပျူစောထီးအဖွဲ့ဝင်များ၊ ဆေးကုသမှုခံယူနေသော ပျူစောထီးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကို နောက်နောင်တွင် စစ်ကောင်စီ အကြမ်းဖက်မှုဖြစ်စဉ် ပါဝင်ပတ်သက်ခြင်း လုံးဝမပြုလုပ်ကြရန် မှာကြားကာ နှစ်သစ်တွင် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေဟု ဆုတောင်း ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုသိမ်းပိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...