Shan State News

Shan State News

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ရှေ့တန်းရဲဘော်များ အတွက် စစ်သုံးအဆောင်များ ကူညီပေးကြပါရန် မေတ္တာရပ်ခံ

 

သံလွင်မြန်မာမီဒီယာ

ဒီဇင်ဘာလ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသမှာ တိုက်ပွဲတွေဆက်လက်ပြင်း ထန်နေ ပြီး စစ်အသုံးအဆောင်တွေလိုအပ်နေသည့် ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူတိုက်ခိုက်ရေးတပ်ဖွဲ့၊ စစ်ရေးတာဝန်ခံကိုဖြိုးက ပြောပါတယ်။

 

လက်ရှိအချိန်အထိ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသမှာ စစ်ကောင်စီတပ်က လေ ကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေသလို မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေ တာလို့ သိရပါတယ်။

 

ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ကျောက်မဲရိုင် PDF တပ်ဖွဲ့နဲ့ ERO တပ်ဖွဲ့တွေ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါ တယ်။

“လက်ရှိစစ်ရေးအခြေအနေကတော့ တောင်ခမ်းမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်နေတယ်။ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ကရဲဘော်တွေ၊ ကျောက်မဲခရိုင်အတွင်းကရဲဘော်တွေနဲ့ မဟာမိတ် ERO တွေနဲ့ပူးပေါင်းပြီးတော့ မြေပြင်မှာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်၊ လိုအပ် ချက် တွေကိုလည်းဖြည့်ဆည်းပေးဖို့တောင်းဆိုချင်ပါတယ်။ မြေပြင်အခြေအနေကတော့ ခွေးသေတာ တွေလည်းရှိတယ်။ အကုန်လုံး ပုံမရိုက်ပေမယ့် အချို့ခွေး သေတဲ့ပုံလေးတွေလည်းရှိတယ်။” လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဖြိုးက ပြောပါတယ်။

 

လက်ရှိအချိန်က ဆောင်းရာဖြစ်တဲ့အတွက် ရှေ့တန်းရောက် တိုက်ခိုက်ရေးရဲဘော်တွေမှာ စစ်အသုံး အဆောင်တွေ တစ်ယောက်အိပ် အနွေးအိတ် (Sleeping Bed) တွေ၊ ဆေးဝါးတွေလိုအပ်နေတယ်လို့ သိရပါတယ်။

 

“အခုအချိန်ကတော့ ရာသီဥတုကအေးတယ်၊ ဟိုအရင်ရက်တွေက အအေးလှိုင်းဖြတ်တော့ ပိုဆိုး တယ်။ ရှေ့တန်းမှာနေရာယူထားတာဖြစ်တဲ့အတွက် ရဲဘော်တွေအတွက် လိုအပ်ချက်တွေအများ ကြီးဖြစ်နေတယ်။ ရဲဘော်တွေမှာဆိုရင်လည်း ကျည်ကာတို့ ယူနီဖောင်း တို့ စစ်အသုံးအဆောင် ပစ္စည်းတွေကအစ လိုအပ်ချက်တွေရှိပါတယ်။ပြီးတော့ ရှေ့တန်းမှာနေရေးထိုင်ရေး အခက်အခဲ က ရဲဘော်တွေအတွက် Sleeping Bed ကအဓိကဖြစ်နေတာ။ တော့ Sleeping Bed တွေနဲ့ စစ် အသုံး အဆောင်ပစ္စည်းတွေ ရနိုင်မယ်ဆိုရင် ရချင်ပါတယ်။ Sleeping Bed ဆိုတာက တစ်ယောက်အိပ် အိပ်ယာလေးတွေ၊ တစ်ယောက်တည်းဝင်အိပ်ရင် နွေးထွေးနေတာ၊ တော်ရုံတန်ရုံ ရေလည်း မစိုဘူး၊ မိုးလည်းမစိုဘူး။  မိုးကာသားလေးနဲ့ လုပ်ထားတဲ့ အနွေးအိတ်ပုံစံမျိုး။ လူတစ်ကိုယ်လုံး လုံခြုံတဲ့ အနွေးအိတ်ပေါ့၊ အဲဒါတွေကို ပြည်သူတွေဆီကနေ ပူးပေါင်းပါဝင်ပေးမှုလေး တွေလိုအပ်ပါတယ်၊ ရရှိ ချင်ပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေး တာဝန်ခံ ကိုဖြိုးက ပြောပါတယ်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့အနေနဲ့ ၁၀၂၇ စစ် ဆင်ရေးစတင်စဉ်ကတည်းက ပါဝင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်တဲ့ အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။

 

ဒါ့ကြောင့် ပြည်တွင်းပြည်ပရှိ ထောက်ပို့အဖွဲ့အစည်းတွေ၊ မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...