CDM News

CDM News

ဘောလခဲမြို့မရဲစခန်းမှ ရဲ ၂ ဦးလက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၉

 

ကရင်နီပြည်၊ ဘောလခဲမြို့မရဲစခန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်ကြပ်တစ်ဦးတို့သည် လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦး AK-M22 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက် ၊ ၇ ဒသမ ၆၂ ကျည်ဆံ အတောင့် ၆၀ ဖြင့် လည်း ကောင်း၊ ရဲတပ်ကြပ်တစ်ဦးသည် G3 ကျည်ဘောက် ၄ ဘောက်၊ G3 ကျည်ဆံ (၇ ဒသမ ၆၂ ကျည်) အတောင့် ၄၀၀ ဖြင့်လည်းကောင်း အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆုငွေကိုတော့ အလင်းဝင်သူရဲ့ လက်နက်ခဲယမ်းအမျိုးအစား အလိုက် ထိုက်သင့်တဲ့ ခံစားခွင့် ဆုငွေ ကြေးတွေကို ပေးအပ်ချီးမြှင့်ခဲ့တာရှိပါတယ်။ လွတ်မြောက်နယ်မြေကိုတော့ အလင်းဝင်လာကို လုံခြုံ စိတ်ချရဖို့အတွက် ဆင့်ကဲဆင့်ကဲ တာဝန်ယူချိတ်ဆက်ပို့ဆောင်ပေးရပါတယ်” ဟု ဘောလခဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – BPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လက်နက်ခဲယ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ရဲ ၂ ဦးကို ဘောလခဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF) က လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေတစ်ခုသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီကို စွန့်လွှတ်ကာ CDM ပြုလုပ် အလင်းဝင်လိုသော စစ်သား၊ ရဲတပ်သားများ အနေဖြင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ထံ ဆက်သွယ်စုံစမ်းနိုင်ပြီး နွေးထွေးစွာကြို ဆို လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံး

ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်းသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ...