Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ – Taung Youth တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၇ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်သာမြို့နယ်၊ စွပ်ကျယ်စက်ရုံ အထိုင်စခန်းမှ မြေဖြူကုန်းရွာ အနောက်ဘက်နှင့် သပြေပင်ရွာ အနောက်ဘက်ကို အင်အား ၇၀ ခန့်ဖြင့် ထွက်လာ စဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G3 ကျည်ဘောက် ၂ ဘောက်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်အတောင့် ၈၀ ၊ ၄၀ မမ ဗုံးသီး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှု မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ မှ ဒုတပ်ရင်းမှူး ကျော်ကြီး ဦးဆောင်ကာ တော် လှန်ရေး ရဲဘော်များက ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ဇင်မင်းထိုက် (ခ) ထိုက်ကြီးမှာ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၄ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ မြိုမရဲစခန်းမှ ကင်းလှည့်ရန် ထွက်ခွာလာသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၅၀...