NUG News

NUG News

နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၇ မှုရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၇ မှုရှိခဲ့ ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထံက သိရသည်။

 

နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဩ လေကြောင်း တိုက် ခိုက်ကြောင့် တနင်္သာရီတိုင်းတွင် နေအိမ် ၆ လုံး၊ ရှမ်းပြည်နယ်တွင် စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် အလုံး ၈၀၊ စစ်ကိုင်းတိုင်းတွင် စာသင်ကျောင်း ၃ လုံးနှင့် နေအိမ် ၁၁ လုံး၊ ရခိုင်ပြည်နယ်တွင် စာင်ကျောင်း ၃ ကျောင်းနှင့် နေအိမ် အလုံး ၁၅၀ ၊ မန္တလေးတိုင်းတွင် နေအိမ် ၇ လုံး၊ မကွေးတိုင်းတွင် နေအိမ် ၄၂ လုံး၊ ကျင်ပြည်နယ်တွင် နေအိမ် ၆ လုံး၊ ချင်းပြည်နယ်တွင် စာသင်ကျောင်း ၂ ကျောင်းနှင့် နေအိမ် ၂၁၈ လုံး နှင့် ပဲခူးတိုင်းတွင် စာသင်ကျောင်း ၃ ကျောင်းနှင့်နေအိမ် ၅ လုံးတို့ဖြစ်ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ် စုစုပေါင်း ၅၂၆ လုံး၊ စာ သင်ကျောင်း ၁၂ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၃ လုံး၊ ဆေးရုံ ၆ ရုံတို့ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် သေဆုံးသူ ၁၁၁ ဦး ၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၉၆ ဦးရှိကြောင်း သိရသည်။

Photo – ဖလမ်းမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု

အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၉ မှု ရှိခဲ့ ပြီး သေဆုံးသူ ၆၈ ဦးရှိကာ အသက် ၁၈ နှစ်အထက် ၂၈ ဦး၊ အသက် ၁၈ နှစ်အောက် ၁၇ ဦးနှင့် ခွဲခြား ၍မရသေးသူ ၂၃ ဦးရှိကြောင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း ကျား ၂၄ ဦး၊ မ ၁၄ ဦးနှင့် ကျား၊ မ ခွဲခြား၍မရသေးသူ ၂၃ ဦးရှိကြောင်း သိရသည်။

 

အကြမ်းဖက် စစ်အုပ်စုရဲ့ နိုဝင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၅၃၇) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင် နိုင်ခဲ့ပြီး အောက်တိုဘာလ အတွင်း မန္တလေးတိုင်းဒေသကြီးသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၁၀၁ မှုဖြင့် အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေး နှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အ ကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင် ရွက်သွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwim Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍာငွေ ပံ့ပိုးခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးရန် JFM တိုက်တွန်း

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ဘဏ္ဍငွေကြေး ပံ့ပိုးကူညီခဲ့သည့် KBZ ကုမ္ပဏီနှင့် Max ကုမ္ပဏီတို့ကို အရေးယူပေးပါရန် Justice For Myanmar – JFM က တိုက်တွန်း ထားသည်။ ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင်...