Magway News

Magway News

ကျောက်ထုမြို့တပ်အတွင်းသို့ Mi 17 ဖြင့် လက်နက်ခဲယမ်းဖြည့်တင်းစဉ် မြို့ပတ်ဝန်းကျင်နေရာများ ကို ဂျက်ဖိုက် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့တပ်အတွင်းသို့ Mi 17 ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်း ဖြည့်တင်းစဉ် ဂျက်ဖိုက်တာ ကျောက်ထုမြို့ပတ်ပတ်လည်ကို ပစ်ခတ်တိုက်ခိုက်သွားကြောင်း ယော အလင်းတန်းထံမှ သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မိနစ်အချိန်က ဆောမြို့နယ်၊ ကျောက်ထုမြို့ လေ ယာဉ် ကွင်းအတွင်းသို့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခမှ တက်လာ သော Mi 17 ထောက်ပို့ရဟတ်ယာဉ်ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ ဆင်းသက်နိုင်ရန် မကွေးလေတပ်မှ တက်လာသော MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်ထုမြို့ပတ်ပတ်လည်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“အဓိကတော့ ထောက်ပို့လေယာဉ်ဆင်းလို့ရအောင် ကာဗာယူတဲ့သဘော၊ ဗုံးကျဲတာမဟုတ်ဘူး။ ပစ်ခတ်သွားတာ၊ အဓိကတော့ AA ကိုကြောက်တာ။ ရှိနိုင်မယ်ထင်တဲ့နေရာတွေ ရမ်းပစ်သွားတာ။ လေယာဉ်က မနေ့က ဆင်းဖို့ပဲ။ သတင်းပေါက်သွားလို့ မဆင်းပဲ ဒီနေ့မှ ဆင်းတာ။ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုနောက်တွဲ သတင်းမကြားမိသေးဘူး” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုကို စုံစမ်း နေဆဲ ဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Mi 17 ထောက်ပို့လေယာဉ် ဆင်း သက်ချိန်သည်လည်း ၁၀ မိနစ်သာကြာမြင့်ခဲ့ကြောင်း၊ ထို့ကြောင့် မည်သည့်အရာများ ထောက်ပို့ခဲ့ ပြီး မည်သည့်အရာများ တင်ဆောင်သွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...