Bago News

Bago News

ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဒရုန်း၊လက်နက်ကြီးဖြင့်တိုက် ခိုက်မှု ကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များလည်း ပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဒရုန်း၊ လက်နက် ကြီဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နေ့က ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာအနီးသို့ အကြမ်းဖက်စစ်တပ် က စစ်ကြောင်းထိုးလာသဖြင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂ တပ် ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဇရပ်ကြီးမြို့အခြေစိုက် ခလရ – ၇၃ တပ်ရင်း မှ လက် နက် ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ‌၂ ဦး နေရာတွင် သေဆုံးကာ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာလည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း အကြမ်းဖက်‌စစ်ကောင်စီမှလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင် ကျေးရွာများမှ အရပ်သားပြည်သူများ၊ နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများကို မကြာခဏ ရမ်း သမ်းပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီ၏ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့ များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...