Mon State News

Mon State News

သထုံမြို့နယ်တွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ ပြုလုပ်ကာ ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပြည်သူများ သွားရောက်ခြင်းမပြုကြရန်နှင့် ပွဲစီစဉ်သူနှင့်ဖျော်ဖြေသူအနုပညာရှင်များ ပါ အရေးယူသွားမည်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီက ဖျော်ဖြေပွဲနှင့်လောင်းကစားဝိုင်းများ ပြုလုပ်ကာ ပေါ်တာဆွဲ ဖမ်း ဆီးနေသဖြင့် ပြည်သူများ သွားရောက်ခြင်းမပြုကြရန်နှင့် ပွဲစီစဉ်သူနှင့် ဖျော်ဖြေ သူအနုပညာရှင်များပါ အရေးယူသွားမည်ဖြစ်ကြောင်း သထုံမြို့နယ်အခြေစိုက် တော်လှန်ရေး အင် အားစုများက ပူးတွဲထုတ်ပြန်သည်။

 

သထုံမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ – စရဖနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး အာဝါဒေးလောင်းကစားဝိုင်းများကို နေပြည်တော်စစ်ရုံးချုပ်၏ လျှိုဝှက်ညွှန်ကြားချက်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပြီးယင်းလောင်းကစားဝိုင်းများမှ ရရှိ သော ငွေကြေးများကို ပျူစောထီးအဖွဲ့ဝင်များအား လစာစရိတ်ပေးရန်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် လိုအပ်လျက်ရှိသော စစ်သားအရေအတွက်ရရှိရန် လောင်းကစားဝိုင်းသို့ လာရောက်သူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန်ဖြစ်ပြီး သထုံမြို့နယ် ၊ ဆိတ်ကျွန်းကျေးရွာတွင် ပြုလုပ်သည့် ဆယ်လီဟိန်းသူအောင်နှင့် အာဝါဒေးလောင်းကစားဝိုင်းများမှ ပြန်လာသည့် လူငယ်များစွာကို ပေါ် တာဆွဲဖမ်းဆီးကာ စစ်တပ်အတွင်းဆွဲသွင်းခဲ့သည့် သာဓကရှိကြောင်း အသိပေးထားသည်။

“အခုလို ထုတ်ပြန်ပြီး မီဒီယာကနေအသိပေးရတာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငွေကြေး ကောက် ခံတာအပြင် စစ်မှု ထမ်းဥပဒေအတွက် လိုအပ်တဲ့ စစ်သားသစ်စု ဆောင်းရေးအတွက်ပေါ် တာဆွဲဖို့ ထပ်မံညွှန်ကြားထားတယ်ဆိုတာ သိရှိရလို့ တော်လှန်ရေးအင်အားစုတွေက ပြည်သူကို အသိ ပေးတင်ပြရခြင်းဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အပျော်မက်ရာက ပြင်မရတော့မယ့် အမှား မျိုး မကျူးလွန်မိစေဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြိုတင်အသိပေးမေတ္တာရပ်ခံရခြင်းပါ” ဟု သထုံမြို့နယ်အခြေစိုက် တော်လှန်ရေး အင် အားစုများမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဖျော်ဖြေပွဲများ၊ လောင်းစားဝိုင်းများပြုလုပ်ပြီး လူငယ်များ ပေါ်တာဆွဲခံရခြင်းဖြစ်ပေါ်လာပါက ပွဲစီ စဉ်သူ ၊ ခွင့်ပြုမိန့်ပေးသူ နှင့် ပါဝင်ဖျော်ဖြေသော အနုပညာရှင်များပါမကျန် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...