PDF News

PDF News

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် ၃ တပ်ရင်းမှ ရဲဘော် ၇ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃ တပ်ရင်းမှ ရဲဘော် ၇ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ခဲ့သည့် ချင်းညီနောင်စစ်ဆင်ရေး (Operation CB – Chin Brotherhood) အဖြစ် မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ နိုဝင်ဘာလ (၉) ရက်နေ့တွင် ရဲဘော် (၁) ဦး၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရဲဘော် (၁) ဦး၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ရဲဘော် (၄) ဦး နှင့် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ရဲဘော် (၁) ဦး စုစုပေါင်း ရဲဘော် (၇) ဦးမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက်မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရ သည်။

 

ထို့အပြင် ပြင်းထန်စွာ ဒဏ်ရာရရှိသူ ရဲဘော် (၃) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ရဲဘော် (၉) ဦးနှင့် ကိုယ် အင်္ဂါပြတ်တောက်သူ (၂) ဦး ရှိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army (YA) နှင့် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ (၂၇၄) တပ်ရင်းကို အပြီး သတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး မြို့လုံးကျွတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးအား အာရက္ခ တပ်တော် (AA) မှ စစ်ကူ၊ စစ်လက်နက် ခဲယမ်း၊ စစ်ရေးဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးပေးခဲ့ ကြောင်း သိရသည်။

 

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၁၅၀) မှ (၁၆၀) ဦးခန့်အား ဖမ်းဆီးရခဲ့သည့်အပြင် ၁၂၂ မမ ဟာဝေဇာ လက်နက်ကြီး (122 mm Howitzer) အပါ အဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

 

ထို့ပြင် စစ်ကောင်စီမှ မတရား ဖမ်းဆီးထောင်ချထားသောနိုင်ငံရေးအကျဉ်းသား (၁၃) ဦးအား ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို စစ်တပ်က လေကြောင်းဖြင့် ဗုံး ၄၀ ကျော်ကျဲတိုက်ခိုက်မှု ပြည်သူ ၇ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက် မွန်းတည့်...