Rakhine State News

Rakhine State News

မောင်တောမြို့နယ်တွင် ဈေးဝယ်ထွက်သည့် ခရီးသည်တင်ကားကို ARSA တပ်ဖွဲ့က ချောင်းမြောင်း ပစ်ခတ် မှု အမျိုးသမီး ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၆

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်ဈေးဝယ်ထွက်လာသည့် ခရီးသည်တင်ကားတစ်စီးကို ARSA တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ် တော် -AA ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၄ ရက် ညနေ ၄ နာရီ မိနစ် ၄၀ အချိန်က အာရက္ခပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်ထွက်လာသော အရပ်ဘက် ခရီးသည်ကားတစ်စီးကို အင်အား ၂၅ ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်များက ခြုံခို၍ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်တွင်ပါလာသော စေတ နာ့ ဝန်ထမ်း အမျိုးသမီး ဈေးဝယ်သူ အမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယင်းကားပေါ်တွင် စျေးဝယ်အမျိုးသမီး စုစုပေါင်း ၁၆ ဦးပါရှိလာပြီး ဒဏ်ရာရရှိသောသူများကို အာရက္ခတပ်တော်မှ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

 

အရပ်ဘက် ပြည်သူလူထုများအား အကြမ်းဖက်တိုက်ခိုက်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့အား အာရက္ခ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒုတိယနေ့အဖြစ် လိုက်လံရှာဖွေလျက်ရှိကြောင်း အသိပေးထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့် အတူ အလင်းဝင်၊

ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများ နှင့် အတူ အလင်းဝင်၊

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၃ ပဲခူးတိုင်း၊ ကျောက်တံတားခါမြို့နယ်၊ နတ်သံကွင်းကာကင်းစခန်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက် နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင် တပ်ရင်း ၂ - P23702 က ထုတ်ပြန် သည်။ စက်တင်ဘာလ ၇ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း...