Sagaing News

Sagaing News

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ခရစ္စမတ်အထိမ်းအမှတ်အဖြစ် ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ခရစ္စမတ် အထိမ်းအမှတ် အဖြစ် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်းမုံရွာခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်က မုံရွာမြို့နယ် ၊ ညောင်ဖြူပင် အထိုင် ရဲစခန်းကို ခရစ္စမတ်နေ့အထိမ်းအမှတ် နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး ယင်းမာ ပင် ခရိုင် အမှတ် ၃ တပ်ရင်း အမှတ် ၃ တပ်ခွဲမှ လက်နက်ငယ်အသံ တစ်ချက်ပေးကာ တိုင်ပင်ခေါ်၍ မုံရွာခရိုင် အမှတ် ၁ တပ်ရင်းမှ Pading ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ညောင်ဖြူပင် အထိုင် ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများကလည်း လက်နက်ငယ် ၊ MA 2 ၊ ငါးကြင်းမှီး များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ ကြောင်း ၊ တိုက်ပွဲပြီးဆုံး၍ တော်လှန်ရေးတပ်ဖွဲ့များ လူစုခွဲချိန်တွင် အကြမ်းဖက်စစ်တပ်က ၆၀ မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နောက်တွဲသတင်းရတာက ၁ ဦးသေတယ်၊ ၁ ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ တစ်ဦးက အခြေအနေ ဆိုးတယ်လို့ကြားသိရပါတယ်။ ရဲစခန်းမှာ အင်အားက အခုထပ်တိုးထားတဲ့ အင်အားနဲ့ဆိုတော့ ၆၀ ကျော်လောက်ရှိပါတယ်။ စခ၊ ရခ၊ ပခတွေရော များတယ်။ ကျနော်တို့ရဲဘော် တွေအားလုံး အထိ အခိုက်မရှိခဲ့ပါဘူး” ဟု မုံရွာခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁ တပ်ရင်း ၊ ယင်းမာပင် ခရိုင် အမှတ် ၃ တပ်ရင်း ၊ အမှတ် ၃ တပ်ခွဲ နှင့် မုံရွာမြိုနယ် ရပ်ကျေးရွာ (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ စက်တင်ဘာလ ၁၁ ရက် နံနက်...