Chin State News

Chin State News

စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးကာ စစ်ထဲဆွဲသွင်းနေသဖြင့် လူငယ်၊ လူရွယ်များ ပြည်မဘက်မထွက် ကြရန် ပလက်ဝကောင်စီ ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၆

 

အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးကာ စစ်တပ်အတွင်းဆွဲသွင်းနေ သဖြင့် လူငယ်၊ လူရွယ်များ ပြည်မဘက်ထွက်ခွာခြင်းမပြုကြရန် ပလက်ဝကောင်စီက ဒီဇင်ဘာလ ၂၅ ရက် ညပိုင်း တွင် ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူ့စစ်ဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံ တစ်ဝှမ်း ပြည်မဒေသအသီးသီးတွင် လူငယ်လူရွယ်များအား ဖမ်းဆီးမှုများစွာ ဆောင်ရွက်နေသော ကြောင့် ပလက်ဝဒေသမှ လူငယ်လူရွယ်များ ပြည်မဘက်မထွက်ခွာရန် ချင်းနယ်မြေကာကွယ်ရေး တပ်ဖွဲ့- ပလက်ဝ (CDF-Paletwa) အနေဖြင့် နိုဝင်ဘာလထဲက တားဆီးပေးခြင်း၊ ခေတ္တထိန်းသိမ်း ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ခေတ္တထိန်းသိမ်ခြင်းခံရသည့် လူငယ်လူရွယ် ၁၉ ဦးကိုလည်း မလိုလားအပ်သော အခက် အခဲဒုက္ခများ မကြုံတွေ့စေရေးအတွက် မိမိရပ်ရွာတွင်သာ အတတ်နိုင်ဆုံးနေထိုင်ကြရန် ပြောဆို တိုက်တွန်းကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က မိမိတို့နေရပ်အိမ်သို့ ကောင်းမွန်စွာ စေလွှတ်ပေးပြီး ဖြစ် ကြောင်း သိရသည်။

 

ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ (Chinland Defense Force-Paletwa) သည် အာဏာ ရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ထိတိုင် ပြည်သူ လူထု နှင့်အတူ စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ခဲ့သည့် မြို့နယ်အခြေပြုတော်လှန်ရေး အဖွဲ့ အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...