Sagaing News

Sagaing News

မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်း ဝင်ရောက်ပြီး လူသတ်ဓားပြတိုက်မှုဖြစ်ပြီး ယူဆောင်သွားသည့်ကို ပြန်လည်တွေ့ရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၆

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်း ဝင်ရောက်ကာ လူသတ်ဓားပြတိုက်မှုဖြစ်ပြီး ယူ ဆောင် သွားသည့်ကားကို ရှာဖွေဖော်နိုင်ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ ထံမှ သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းက မုံရွာမြို့ပေါ်တွင် နေအိမ်အတွင်းအထိ လူတစ်က ဝင် ရောက်ဓားပြ တိုက်ကာ အိမ်ရှင်ဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် Toyota Wish အဖြူရောင်ကား တစ်စီး ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

 

ထို့ကြောင့် မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာနယ်မြေခံတလရအဖွဲ့အစည်းများက လမ်းများ ပိတ် ဆို့ပြီး မုံရွာမြို့နယ် ပလဖ(တာဝန်ခံ) ကိုအာကူး ကိုယ်တိုင်ဦးဆောင်၍ မြို့နယ် ပလဖ ရဲဘော်များ နှင့်အတူ စစ်ဆေးရှာဖွေမှုများပြု လုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းပေးပို့ချက် အရ မုံရွာမြို့နယ် အက်တောရပ်ကွက် ကန်သာဘုန်း ကြီးကျောင်း၏အရှေ့ဘက် ကွန်ကကရစ် လမ်း ပေါ်တွင် လုယူမောင်းပြေးလာသောကားကို ထားခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

သက်ဆိုင်ရာကားပိုင်ရှင် ကျူးလွန်ခံရသူမိသားစုများအနေဖြင့်လည်း ၎င်းကားအား ပြန်လည်ယူ ဆောင်နိုင်ရန် မုံရွာပလဖ မှ ဖော်ထုတ်ပေးခဲ့ပြီး စစ်ကောင်စီတပ်သားများကလည်း အိမ်စီးကားများ ဖြင့် ယင်းနေရာပတ်ဝန်းကျင်တွင် ပတ်နေသဖြင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ကားမှာလည်း သော့မရှိ၍ ထားခဲ့ကာ သတင်းအချက်အလက် များ ရရယူပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

“ရဲဘော်တွေအားလုံးဘေးကင်းပါတယ်ဗျ ကားတော့ စီယာတိုင်က လော့ကျ ၊ သော့ကမရှိလို့ ထားခဲ့ ရပြီး သတင်းအချက်အလက်သာ အရယူနိုင်ခဲ့ပါတယ်” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ မှ တာဝန်ခံက ပြောကြားသည်။

 

ဓားပြမှုကျူးလွန်သူများ၏ သတင်းအချက်အလက်များအားလုံးကို မုံရွာမြို့နယ် ပလဖ မှရရှိထားပြီး ဖြစ်၍ အမြန်ဆုံးရှာဖွေဖမ်းဆီးဖော်ထုတ်သွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိတည်းခိုခန်းတစ်ခုတွင် CDM ကျောင်း ဆရာတစ်ဦး သတ်ဖြတ်ခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၃ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် အသက် ၄၀ အရွယ် CDM ကျောင်းဆရာတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသနေပြည်သူများထံက သိရ သည်။ စက်တင်ဘာလ ၁ ရက်ညပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် မိတ်ဆွေသူငယ်ချင်း ၂ နှစ်ဦးနှင့်အတူ...