Monywa News

Monywa News

မုံရွာမြို့နယ်၊ သာစည်စစ်တပ်ဂိတ်နှင့် ပလင်ကုန်းရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၅

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာ စစ်တပ်ဂိတ်နှင့် ပလင်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၃ ရက် နံနက် ၈ နာရီခန့်က မုံရွာမြို့နယ်၊ ပလင်ကုန်းရွာတွင်း၌တပ်စွဲထားသောအကြမ်းဖက် စစ်သားများနှင့် ရွာပြင်ရှိ ရေကန်ကြီးဘေး၌ အပြန်အလှန် တိုက်ခိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၂ ရက် နံနက် ၈ နာရီ ၁၀ မိနစ် ဝန်းကျင်ခန့်က သာစည်ကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

“သာစည်ရွာ ဂိတ်ကို သေရဲတဲ့ကောင် ထွက်ခဲ့လို့ အော်ပြီး ဝင်တိုက်ခိုက်ခဲ့တာ၊ ၄ ဦးရှိတာ ၃ ဦးသေ တယ်၊ တစ်ဦးက ဒဏ်ရာရသွားတာ၊ သေသွားတဲ့အထဲမှာ ဗိုလ်တစ်ဦးပါတယ်။ သေနတ် မကောက် လိုက်ရဘူး၊ အစတော့ ဂန်းပါကောက်ဖို့အတွက်ပဲ။ ကွင်းပြင်ကြီးဆိုတော့ရဲဘော်တွေ အန္တရာယ် ဖြစ် မှာ စိုးတာနဲ့ မကောက်လိုက်ရတာ။ သာစည်ရွာထိပ်မှာပဲ။ ပလင်း ကုန်းရွာထဲမှာ တပ်စွဲထားတာ၊ နမခက စစ်ခွေးတွေ အင်အား ၃၀ လောက်ရှိတယ်။ တိုက်ပွဲဖြစ်တာက ရွာအပြင် ရေကန်ဘေးမှာ ဖြစ် တာ။ ထိခိုက်သေဆုံးမှုကတော့ ရှိတယ်၊ မနေ့ကမှ ဖြစ်ထားတာဆိုတော့ အတည်မပြုနိုင်သေးတာ” ဟု အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်-ADPRA နှင့် ရေဦး ပကဖ ဖီးနစ်တပ်ခွဲ တို့ ပူးပေါင်းကာ တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar - BWM က ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ...