Mandalay News

Mandalay News

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာစာသင်ကျောင်းကို စစ်တပ်က လေထီးအင်ဂျင်တပ် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေထီးအင်ဂျင်တပ် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ်လူထုသပိတ်ကော်မထီကထုတ်ပြန်သည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ စာသင် ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် လေထီး အင်ဂျင်တပ် ဒရုန်းများဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချမှုအတွင်း ပြည်သူ တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့သလို လေထီး အင်ဂျင်တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ုက်မှုတွင်တည်း ပြည်သူ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းဖြင့်တိုက်ခိုက်မှုကို နည်းမျိုးစုံ၊ ပုံစံမျိုးစုံ အသုံးပြု တိုက်ခိုက်လာခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန် တောင်သာ မြို့နယ်လူထုသပိတ်ကော်မတီက သတိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...